အာဆင်နယ်ပစ်မှတ်ကို ကြားဖြတ်မခေါ်ယူနိုင်ခဲ့တာကြောင့် အံ့ဖွယ်အပြောင်းအရွှေ့ကို လုပ်ဆောင်ပြလိုက်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဘေဆယ်လ်စတား ရီနာတိုဗီဂါကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၄ ဦးအထိ ခေါ်ယူထားနိုင်ခဲ့ပြီး အခုလည်း နောက်ထပ်ကစားသမားတစ်ဦးခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရိုမာနိုရဲ့အဆိုအရ ချဲလ်ဆီးဟာ အသက် ၂၀ အရွယ်ကစားသမားကို ပေါင် ၁၁.၈ သန်း နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗီဂါဟာ မတူညီတဲ့နေရာတွေမှာကစားနိုင်စွမ်းရှိတာဖြစ်ပြီး ဗဟိုခံစစ် ၊ ဘယ်နောက်ခံလူအပြင် ကွင်းလယ်ပိုင်းမှာပါ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဘိုလော့ဂ်နာနောက်ခံလူ ကာလာဖီအိုရီကို စိတ်ဝင်စားခဲ့ပေမယ့် အဆိုပါအီတလီသားကို အာဆင်နယ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်သားကလည်း ဗဟိုခံစစ်အပြင် ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိပါတယ်။ အာဆင်နယ်ကတော့ ဘိုလော့ဂ်နာစတားကို ချဲလ်ဆီးထက် လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး ယူရို ၅၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကာလာဖီအိုရီကို ၄ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နွေရာသီအသင်းရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ဂျက်ဆင်တစ်ယောက် ပွဲဦးထွက်ရာသီမှာ ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးသစ်ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။
ချဲလ်ဆီးဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုအား စိတ်ဝင်စားခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ တီကိုတိုက်စစ်မှူး အိုမိုရိုဒီအွန်ကို ပေါင် ၄၂ သန်းနဲ့ကမ်းလှမ်းခဲ့သေးပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ အဆိုပါအသက် ၂၁ နှစ်အရွယ် စပိန်သားကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း ၇၀ လောက်ပေးချေရဖို့များနေပါတယ်။