The network connection is lost.

Banner Image

နွေရာသီမှာ ဘိုင်ယန်စတားကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဘိုင်ယန်စတား မူစီယာလာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
 
ဘိုင်ယန်ဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေခဲ့ရင် သူတို့ ၂ သင်းက ခေါ်ယူဖို့ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။ အသက် ၂၁ နှစ်သားရဲ့စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပြီး ဘိုင်ယန်က ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။
 
သတင်းတွေအရ မူမီယာလာဟာ အင်္ဂလန်မြေကိုပြန်ချင်နေတယ်လို့ သိရပါတယ်။ ယခင်တုန်းက မူစီယာလာဟာ ချဲလ်ဆီးအသင်းအကယ်ဒမီမှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ လန်ဒန်မှာ ဆယ်စုနှစ်တစ်ခုလောက်နေခဲ့ပေမယ့် မိဘတွေဂျာမနီကိုပြန်သွားချိန်မှာ ဘိုင်ယန်က ပြန်လည် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
 
စီးတီးဟာ ပြီးခဲ့တဲ့လေဗာကူဆင်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တုန်းက မူစီယာလာ အခြေအနေကိုစောင့်ကြည့်ဖို့ ကင်းထောက်တွေစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ လွန်ခဲ့တဲ့အောက်တိုဘာကတည်းက တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။
 
မူစီယာလာကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မြေကိုလာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ မူစီယာလာဟာ ပြိုင်ပွဲစုံ ဘိုင်ယန်အတွက် ၉ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မူစီယာလာဟာ ဆုဖလားရရှိနိုင်မယ့်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဂျာမနီအတွက်တော့ အင်္ဂလန်ကနေ ပြောင်းလာပြီးနောက် ၂၅ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။