The network connection is lost.

Banner Image

လီဂါနက်စ်နဲ့ပွဲမှာ အခက်အခဲတွေရှိပေမယ့် ခံစစ်မှူးဂျာကိုဘို ရေမွန်က ပထမအသင်းနဲ့အတူရှိမယ်လို့ အတည်ပြုလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်ဟာ လီဂါနက်စ်ကို အနိုင်ရပြီးနောက် ကိုပါဒဲရေးရဲ့ ဆီမီးဖိုင်နယ်သို့ ရောက်ခဲ့ပေမယ့် ဒီပြိုင်ပွဲမှာ အကြိမ် ၂၀ မြောက်ချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အတွက် သိပ်ပြီးမယုံကြည်စရာကောင်းတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ သူတို့အသင်းဟာ နှစ်ဂိုးအသာရခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးတွေပြန်ပေးခဲ့ရပြီး ဂွန်ဇာလို ဂါစီယာ တောရက်စ်ရဲ့ အချိန်ပို သွင်းဂိုးကြောင့် ဘူတာကွီမှာ အနိုင်ရခဲ့ပါတယ်။

Diario AS ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြအန်ဆယ်လော့တီက ဒီပွဲကိုအကဲဖြတ်ခဲ့ပြီး အသုံးပြုခဲ့တဲ့ လူငယ်ကစားသမားတွေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။ "ဒါဟာ ညီမျှပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ကျွန်တော်တို့ဟာ အစပိုင်းမှာ သိပ်မကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရှေ့ရောက်လာခဲ့ပြီး အသာစီးရခဲ့တယ်။ အသင်းဟာ တိုက်စစ်မှာ အရမ်းကောင်းခဲ့ပြီး ထိရောက်မှုရှိခဲ့တယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာတော့ ဒုက္ခရောက်ခဲ့တယ်"

"ဂျာကိုဘိုဟာ ကျွန်တော်တို့နဲ့ပထမဆုံးပွဲကြောင့် နည်းနည်းဒုက္ခရောက်ခဲ့တယ်။ အစပိုင်းမှာ နည်းနည်းလန့်နေခဲ့ပါတယ်။ ဂွန်ဇာလို ကတော့ ကက်စ်တီလာနဲ့အတူ အရမ်းကောင်းတဲ့ နေရာတစ်ခုမှာရှိနေပြီး ဒီညပွဲမှာလည်း သူကပါဝင်ခဲ့တယ်။ ငယ်ရွယ်တဲ့ကစားသမားတွေလုပ်ခဲ့တာကို ကျွန်တော်တို့ကျေနပ်ရပါမယ်။ သူတို့ကို ထည့်သွင်းစဉ်းစားရမယ်။ ဒါဟာ ရှုပ်ထွေးပြီး ခက်ခဲတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီနေ့လိုပွဲမျိုးမှာ ဒုက္ခရောက်ခဲ့ပေမယ့် ကျွန်တော်တို့ဟာ ရှေ့ကိုဆက်သွားရပါမယ်။ ဆီမီးဖိုင်နယ်သို့ ရောက်နေပြီး လူငယ်ကစားသမားတွေက ပါဝင်ခဲ့တယ်။ အန်းဒရစ်က ဂိုးသွင်းပြီး ကောင်းမွန်တဲ့ခံစားချက်တွေချန်ထားခဲ့ပါတယ်။ အာဒါက အသင်းအတွက်ကြိုးစားခဲ့တယ်။ ဒီပွဲကနေ ကျေနပ်မှုတွေနဲ့ ထွက်ခွာသွားရပါမယ်" လို့ နည်းပြက ပြောပါတယ်။

ဂျာကိုဘိုရေမွန်ရဲ့ပထမဆုံးပွဲဟာ ခက်ခဲခဲ့ပေမယ့် အန်ဆယ်လော့တီက သူ့ကို ရီးရဲလ်မက်ဒရစ် ပထမအသင်းနဲ့ အတူ ရာသီဆုံးတဲ့အထိဆက်လက်ထားရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဂျာကိုဘိုဟာ ဒီနေ့ပွဲမှာ မျှော်လင့်ထားသလောက် မကောင်းခဲ့ပါဘူး။ ပထမအသင်းနဲ့ပထမဆုံးပွဲကြောင့် သူဒုက္ခရောက်ခဲ့တယ်လို့ထင်တယ်။ သူဟာ အရမ်းကောင်းတဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ သူ့ကိုထည့်သွင်းဖို့ စဉ်းစားနေပြီး ရာသီဆုံးတဲ့အထိ သူ့ကိုဆက်ထားပါမယ်။ သူဟာ ဒီနေ့ထက်ပိုကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်" လို့ ပြောပါတယ်။ အန်ဆယ်လော့တီ က ဒီရက်သတ္တပတ်အတွင်း အက်သလက်တီကိုမက်ဒရစ်နဲ့ ကြုံရမယ့် လာလီဂါပွဲမတိုင်ခင်  အသင်းရဲ့ ဒဏ်ရာအခြေအနေကိုလည်း ပြောကြားခဲ့ပါတယ်။

"ကာမာဗင်ဂါက စနေနေ့ပွဲအတွက် ပြန်ကောင်းလာမယ်လို့ မျှော်လင့်တယ်။ ဒီနေ့ ဗက်ဇ်ကွက်ဇ်မှာ ပြဿနာနည်းနည်းရှိခဲ့တယ်။ ဒါကကျွန်တော့်မှာ သံသယရှိနေတဲ့အရာပဲ။ ချူအာမီနီဟာ pivot အဖြစ်နဲ့ အသင်းကို အထူးသဖြင့် ခံစစ်မှာ အများကြီးပေးစွမ်းနိုင်တယ်။ ဒါပေမယ့် သူ့ကို သိပ်ပြီးအဆင်ပြေနေတယ်လို့ မပြောခဲ့ပါဘူး ဘာလို့လဲဆိုတော့ သူက ခံစစ်မှာပဲ ပြန်ကစားရနိုင်လို့ပါ" လို့ နည်းပြက ပြောပါတယ်။