The network connection is lost.

Banner Image

လီဗာပူးနှင့် ချဲလ်ဆီးပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ကာရာဘောင်းဖလားဖိုင်နယ် ဆုကြေးငွေ

လီဗာပူးနဲ့ ချဲလ်ဆီး အသင်းတို့ဟာ မကြာသေးမီကာလတွေမှာ ဝင်ဘာလေကွင်းတွင် အကြိမ်ပေါင်းများစွာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ဖူးကြတာဖြစ်ပြီး ၂၀၂၁-၂၂ ရာသီတွင် ကစားခဲ့တဲ့ ၂ ကြိမ်စလုံးမှာ မာဆေးဆိုဒ်ကလပ်က ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ပါတယ်။ သူတို့ ၂ သင်းဟာ တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းမှာ ညနေ ၃ နာရီတွင် တွေ့ဆုံကြရတော့မှာ ဖြစ်ပါတယ်။
 
ဖူလ်ဟမ်ကိုအနိုင်ရရှိကာ လီဗာပူးက ဖိုင်နယ်သို့ရောက်ရှိခဲ့သလို ပထမအကျော့က ရှုံးနိမ့်မှုကို ချေပနိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ မစ်ဒယ်ဘရော့ကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဝင်ဘာလေက ဖိုင်နယ်သို့ရောက်လာခဲ့ပါတယ်။ ဖိုင်နယ်ပွဲဟာ နည်းပြ ၂ ဦးစလုံးအတွက် အလွန်အရေးကြီးပြီး မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်ပါတယ်။
 
ကလော့ပ်ဟာ ပရီးမီးယားလိဂ်တွင် ဆက်လက်ဦးဆောင်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ရေပန်းစားနေတာကြောင့် သူ့ရဲ့နောက်ဆုံးရာသီတွင် စင်မြင့်ထက်ကနေ ရှိနေဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်မူ ပိုချက်တီနိုအတွက်လည်း ချဲလ်ဆီးအပေါ် သစ္စာရှိမှု သက်သေပြရန် အလွန်လိုအပ်နေပြီး ဆုဖလားရရှိမှုဟာ စိတ်ပျက်စရာကောင်းတဲ့လိဂ်ပြိုင်ပွဲကို ကယ်တင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပါတယ်။
 
ကာရာဘောင်ဖလားဆိုတာ ကြီး ၆ ကြီးအသင်းတွေရဲ့ မကြာခဏဆိုသလို လျစ်လျူရှုခြင်းကိုခံထားရတဲ့ ဖလားဖြစ်ပြီး ကလော့ပ်သည်လည်း အဆိုပါပြိုင်ပွဲတွင် ကြီးမားတဲ့ ကစားသမားပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဓိကအကြောင်းရင်းတစ်ခုကတော့ ဖိုင်နယ်တွင် အနိုင်ရရှိတဲ့အသင်းဟာ ဆုကြေးငွေအဖြစ် စတာလင်ပေါင် ၁၀၀၀၀၀ သာ ရရှိပြီး ဒုတိယရရှိတဲ့အသင်းက ပေါင် ၅၀၀၀၀ သာ ရရှိတာကြောင့် ဖြစ်ပါတယ်။
 
အဆိုပါ ဖလားဟာ အင်္ဂလန်ရှိ အခြားပြည်တွင်းဖလား ရရှိသူများထက် အဆ ၂၀ နည်းပါးပြီး အက်ဖ်အေဖလား ဆုရှင်ဟာဆိုရင် ပေါင် ၂ သန်း ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲပထမအကျော့မှာ ကလပ်အသင်းတွေက ပေါင် ၅၀၀၀ သာရရှိတဲ့အတွက် အစောပိုင်းအဆင့်တွေဟာ ထိပ်တန်းအသင်းတွေအတွက် ဆွဲဆောင်မှုသိပ်မရှိတာ အံ့သြစရာမရှိပါဘူး။
 
ကွားတားဖိုင်နယ်အထိ တက်ရောက်ထားတဲ့ အသင်းတွေအတွက် ဆုကြေးငွေတိုးပေးခြင်းမရှိဘဲ ပေါင် ၇၀၀၀ သာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ကလပ်တွေကတော့ ပေါင် ၂၅၀၀၀ ရရှိတာဖြစ်ပါတယ်။