The network connection is lost.

Banner Image

ဆာကာရဲ့ ဒဏ်ရာကို စိုးရိမ်နေတဲ့ အာဆင်နယ်

စနေနေ့က ပဲလေ့စ်နှင့်ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဆာကာက မတ်လကုန်အထိ နားရမှာကို အာဆင်နယ်က စိုးရိမ်နေပါတယ်။ တောင်ပံကစားသမားအနေနဲ့ ရက်သတ္တပတ်များစွာ အနားယူရမယ်လို့ အာတီတာ တနင်္လာနေ့မှာ အတည်ပြုခဲ့ပြီး အချိန်အတိအကျကို မဆုံးဖြတ်မီ ဆေးစစ်ချက်ကို ကလပ်က စောင့်နေတာဖြစ်ပါတယ်။

"သေချာမသိသေးတဲ့အတွက် တိတိကျကျ ပြောလို့မရပါဘူး။ ရက်သတ္တပတ်များများတော့ ဖြစ်ပါလိမ့်မယ်။ ရာသီမကုန်မီ ပြန်ကစားနိုင်ဖို့အတွက်တော့ အကောင်းမြင်မိပါတယ်" လို့ အာတီတာက ပြောပါတယ်။ ဆာကာလက်ရှိရာသီရဲ့ အရေးပါတဲ့ပွဲစဉ်တွေကို လွဲချော်ရမှာဖြစ်ပြီး ဒါဟာဆုဖလားပြိုင်ဆိုင်မှုတွင် လီဗာပူးကို လိုက်မီဖို့လုပ်ဆောင်နေတဲ့ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

ဆာကာရဲ့ ဒဏ်ရာဟာ အာဆင်နယ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်သို့ ဝင်ရောက်ဖို့ တွန်းအားပေးသလိုဖြစ်နေပြီး လက်ရှိကစားသမားတွေထဲကနေ ရွေးချယ်ဖို့အတွက်ကိုလည်း အာတီတာက စဉ်းစားနေတာလည်းဖြစ်ပါတယ်။ ကစားသမားသစ်ဖြည့်တင်းဖို့က အာဆင်နယ်အတွက် လိုအပ်မှာဖြစ်ပြီး ရာသီအစမှာ ခေါ်ယူထားတဲ့ စတာလင်ကလည်း ဒဏ်ရာရရှိနေတာကြောင့် ရက်သတ္တပတ်များစွား နားနေရကာ ပဲလေ့စ်နဲ့ပွဲမှာလည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

အာတီတာရဲ့အသင်းဟာ လာမယ့်လ အက်ဖ်အေဖလားပွဲစဉ်မှာ ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပြီး နှစ်ကျော့ကစားရမယ့် ကာရာဘောင်ဖလားပွဲမှာလည်း နယူးကာဆယ်နှင့် ကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုဇာဂရက်ဇ်၊ ဂီရိုနာ တို့နှင့် ဇန်နဝါရီလ မကုန်ခင်မှာ ကစားရမှာဖြစ်ပါတယ်။ အကယ်၍ ထိပ်ဆုံး ၈ သင်းအတွင်း ဝင်ရောက်ခဲ့မယ်ရင်တော့ မတ်လအစောပိုင်းမှာ ဥရောပရှုံးထွက်ပွဲစဉ် တွေကိုကစားရမှာဖြစ်ပါတယ်။
"ဒီလိုအဆင့်မျိုးမှာ ဒဏ်ရာတွေရရှိတက်ပါတယ်။ ကံမကောင်းစွာပဲ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ ဒါက တော်တော်ဆိုးရွားနိုင်ပါတယ်။ တစ်ချို့ဒဏ်ရာတွေက တစ်နှစ်လောက် ကြာသွားနိုင်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်ရမှာပါ"

"သူ့အတွက်လည်း ကြီးမားတဲ့ သင်ယူစရာဖြစ်ပါတယ်။ ဒဏ်ရာရရှိနေပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ဘာမှ ပြောင်းလဲလို့မရပါဘူး။ သူ့ဒဏ်ရာ အမြန်ဆုံးသက်သာလာဖို့အတွက် ကျွန်တော်တို့ ဒီအချိန်မှာ ကူညီပေးသွားရမှာပဲဖြစ်ပါတယ်" လို့ အာတီတာက ထပ်လောင်း ပြောကြားထားပါတယ်။