The network connection is lost.

Banner Image

ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့ ဂေါ်ဒွန်ရဲ့ အနီကတ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဘရူနိုဂူမာရေးစ်

ဘရူနိုဂူမာရေးစ်ကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အန်သိုနီဂေါ်ဒွန်ရဲ့ အနီကတ်ဟာ “အရမ်းကူညီချင်တဲ့ စိတ်များသွားတာကြောင့်” ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ပွဲချိန် ပထမပိုင်းမပြီးခင်မှာ ဗန်ဒိုက်ကို ဂေါ်ဒွန်က နောက်ကနေ ပေါ့ပေါ့ဆဆ ဝင်တိုက်ခဲ့တဲ့အတွက် လီဗာပူးအသင်းခေါင်းဆောင် နာကျင်သွားခဲ့ပါတယ်။ အစပိုင်းမှာ အဝါကတ် ပြရမယ့် ပြစ်ဒဏ်လို့ ထင်ရပေမဲ့ VAR ကြည့်ပြီးနောက် တိုက်ရိုက်အနီကတ်ပြခဲ့ကာ အက်ဒီဟောင်းရဲ့ အသင်းအတွက် အခက်ခဲတဲ့ပွဲစဉ် ဖြစ်သွားခဲ့ရပါတယ်။

သူ့ရဲ့ ကြမ်းတမ်းတဲ့ လုပ်ရပ်အပေါ် သိရှိခဲ့ပြီးနောက် ဂေါ်ဒွန်က ချက်ချင်း တောင်းပန်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ လုပ်ရပ်တွေက မရည်ရွယ်ဘဲ ဖြစ်ခဲ့တာလို့ ဗန်ဒိုက်ကို ရင်ထဲကနေ တောင်းပန်ခဲ့ပါတယ်။

ပွဲပြီးနောက်မှာ ဂူမာရေးစ်ကတော့ သူ့အသင်းဖော်အတွက်ကာကွယ်ပြောကြားခဲ့ပြီး “သူက အရမ်းကူညီချင်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ တစ်ခါတလေ ကစားဖို့ အရမ်းစိတ်လှုပ်ရှားနေတဲ့အခါ အမှားတွေ လုပ်မိပါတယ်”

“ကျွန်တော့်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အကောင်းဆုံး လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ ဆူညံသံတွေ အများကြီး ရှိနေပါတယ်” လို့ ဂူမာရက်စ်က ပြောပါတယ်။

၁၀ ယောက်တည်းဖြစ်သွားပေမဲ့ နယူးကာဆယ်အသင်းဟာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ သရေပွဲဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ အသက် ၁၆ နှစ်အရွယ် ရီယို အင်ဂူမိုဟာရဲ့ သွင်းဂိုးကြောင့် လီဗာပူးအသင်းက ၃-၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပြစ်ဒဏ်ကြောင့် ဂေါ်ဒွန်ဟာ လာမယ့်ပွဲစဉ် ၃ ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတဲ့ အလက်ဇန်းဒါး အီဆက်မရှိတဲ့ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အက်ဒီဟောင်းရဲ့ အသင်းဟာ လာမယ့် စနေနေ့မှာ လိဒ်စ်နဲ့ ကစားဖို့အတွက် အယ်လန်ရုတ်ဒ်ကို သွားရောက်ရမှာဖြစ်ပြီး ရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရရှိဖို့ ကြိုးစားပါလိမ့်မယ်။