The network connection is lost.

Banner Image

အနိုင်ဂိုးရှင်ကိုင်ဟားဗက်ဇ်က နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ပြောလာတဲ့ ဘရန့်ဖို့ဒ်နည်းပြဖရန့်ခ်

ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်က အာဆင်နယ်ရဲ့အနိုင်ဂိုးရှင် ကိုင်ဟားဗက်ဇ်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရသင့်သူဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ပွဲက တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေချိန် ဘန်ဝှိုက်ရဲ့ဖြတ်တင်ဘောကနေ ကိုင်ဟားဗက်ဇ်က ခေါင်းတိုက်သွင်းယူကာ အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးကိုရယူပေးသွားခဲ့ပါတယ်။

ဂျာမန်သားဟာ ပထမပိုင်းအတွင်း အဝါကတ်ပြခံခဲ့ရပြီး ဒုတိယပိုင်းအတွင်း ဧရိယာထဲ ဒိုင်ဗင်ပစ်ခဲ့မှုကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ဖရန့်ခ်က ယုံကြည်နေပါတယ်။ဖရန့်ခ်က "ဂိုးသွင်းသွားတဲ့ ကိုင်ဟားဗက်ဇ်က ကွင်းထဲမှာ ဆက်ရှိသင့်တယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ ရှင်းရှင်းလင်းလင်းကြီး ဒိုင်ဗင်ပစ်သွားခဲ့တာပါ။ ဒါကို ကွင်းလယ်ဒိုင်က မြင်ဖို့ ခက်နိုင်ပေမယ့် စည်းကြပ်ဒိုင်က တွေ့လိုက်သင့်ပါတယ်။ကစားသမားတွေက ဟားဗက်ဇ်ရဲ့ ဒိုင်ဗင်ပစ်မှုနဲ့ပတ်သက်ပြီး သူတို့ စောဒကတက်ခဲ့တာကို ဒိုင်က လျစ်လျူရှုခဲ့လို့ ပေါက်ကွဲနေကြပါတယ်။ ခင်ဗျားတို့ ရှုထောင့်ပေါင်းစုံက ကြည့်ရင်လည်း ဒါက ဒိုင်ဗင်ပစ်တယ်ဆိုတာ သိသာပါတယ်။ အဲ့ဒီမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ခံရပြီး ၁၁ယောက် ၁၀ယောက် ဖြစ်သွားရမှာပါ။အဲ့ဒါက ပွဲအတွက် အဓိကကျတဲ့အချိန်လို့ ထင်ပါတယ်။ အရင်ကလည်း ဒီလိုအမှားတွေရှိခဲ့တာကြောင့် အခုတော့ ဒိုင်အဖွဲ့ချုပ်က တစ်ခုခု ဝန်ခံဖို့ မျှော်လင့်ပါတယ်။ သူတို့ ပွဲအပြီးမှာတော့ ဒါကို မှတ်မိဖို့မျှော်လင့်ပါတယ်။"လို့ ပြောခဲ့ပါတယ်။အငြင်းပွားဖွယ်ရာကိစ္စတွေရှိခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်ကို အနိုင်ယူကာ ယနေ့ည လီဗာပူးနဲ့ မန်စီးတီးပွဲမတိုင်ခင် ဇယားထိပ်ကို တက်လှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။