ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နီကိုကိုဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဒေါ့မွန်
ဘွန်ဒက်စ်လီဂါ ကလပ်ဖြစ်တဲ့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုလော့ဂ်နာအား ရှုံးနိမ့်ပြီးနောက် နူနီဆာဟင် ကို ပြီးခဲ့တဲ့အပတ်က ထုတ်ပယ်လိုက်ပါတယ်။ ဒါဟာ သူတို့ရဲ့ ဆက်တိုက်ရှုံးနိမ့်မှု စတုတ္ထမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ နီကိုကိုဗက်ကို ၁၈ လ စာချုပ်နဲ့ ခန့်အပ်လိုက်ပြီး ယခုရက်သတ္တပတ်ကုန် ဟိန်ဒန်ဟိန်နဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲပြီးနောက် ဦးဆောင်သွားမှာဖြစ်ပါတယ်။
ဒေါ့မွန်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ရစ်ကင်က "ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နေ့ရက်များအတွင်း နီကိုကိုဗေ့ နဲ့ သေသေချာချာ ဆွေးနွေးခဲ့ပြီး သူနဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ပိုပြီး နားလည်ဖို့ အချိန်ယူခဲ့ပါတယ်။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေရှိတဲ့ အခြေအနေမှာ ရှိနေပြီး နီကိုဟာ ဒီအခြေအနေကို ကျော်လွှားနိုင်မယ့် နည်းပြတစ်ဦးဖြစ်တယ်ဆိုတာ သေချာပါတယ်" လို့ ပြောပါတယ်။
နီကိုကိုဗေ့ ကလည်း "ဒေါ့မွန်ရဲ့ တာဝန်ရှိသူအားလုံးက ဆွေးနွေးပွဲတွေမှာ အရမ်းကောင်းတဲ့ ခံစားချက်တွေ ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အနာဂတ်မှာ အတူတူ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
နီကိုကိုဗက် ခန့်အပ်ခံရတာဟာ ဒေါ့မွန်က ချန်ပီယံလိဂ်ရဲ့ paly-off နေရာကို ရရှိပြီးနောက်မှာ ဖြစ်ပါတယ်။
ရှက်တာဒိုးနက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ဂျာမန်ကလပ်ဟာ လိဂ်ရဲ့ ကနဦးအဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ play-off မှာ ဘယ်လ်ဂျီယံကလပ်ဖြစ်တဲ့ ကလပ်ဘရူဂီ ဒါမှမဟုတ် ပေါ်တူဂီချန်ပီယံ စပို့တင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နီကိုကိုဗက်ရဲ့ ဒေါ့မွန်ဟာ ဂျာမန်ထိပ်တန်းလိဂ်ရဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး ဒီရာသီ လိဂ်ပွဲ ၁၉ ပွဲကစားပြီးနောက် ၇ ပွဲအနိုင်ရထားကာ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ၂၂ မှတ် ကွာနေပါတယ်။