The network connection is lost.

Banner Image

ယူရို-၂၀၂၄ ဖိုင်နယ်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်ချင်နေတဲ့ ဘယ်လင်ဟမ်

ဘယ်လင်ဟမ်က ဇူလိုင် ၁၄ ရက်၊ ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးမှာ ပါဝင်ကစားနိုင်ဖို့အတွက် အစီအစဉ်တွေ ရေးဆွဲနေခဲ့ပါပြီ။

ဘယ်လင်ဟမ်နဲ့ အင်္ဂလန်အသင်းက ဆွစ်ဇာလန်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းက ဇူလိုင် ၁၀ ရက်၊ ဒေါ့မွန်မြို့မှာ နယ်သာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ရေး မျှော်လင့်နေပါလိမ့်မယ်။

စပိန်ကလည်း အဲ့ဒီရက်မတိုင်ခင် ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာ အနိုင်ရရှိမယ့်အသင်းက ဗိုလ်လုပွဲမှာ အင်္ဂလန်(သို့မဟုတ်)နယ်သာလန်နဲ့ ရင်ဆိုင်ရပါမယ်။

ပြိုင်ပွဲရဲ့နောက်ဆုံးရက်သတ္တပတ်ဆီ ရောက်ရှိလာချိန်မှာပဲ ဘယ်လင်ဟမ်က စပိန်အသင်းနဲ့ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲတစ်ခုမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ တွေ့ဆုံရမယ့် အခွင့်အလမ်းတစ်ခုကို မျှော်လင့်နေပါတယ်။

ဆွစ်ဇာလန်ကို အနိုင်ရရှိပြီးနောက် ဘယ်လင်ဟမ်က “ ပြီးခဲ့တဲ့သီတင်းပတ်သုံးပတ်အတွင်း စပိန်အသင်းကစားဟန် အရမ်းကောင်းခဲ့ပါတယ်။ ဘာမဆိုဖြစ်လာနိုင်ပါသေးတယ်။

စပိန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ်လို့ မျှော်လင့်မိပါတယ်။ သူတို့ရဲ့ကစားပုံ အရမ်းကောင်းနေပါတယ်”လို့ ပြောပါတယ်။

စပိန်အသင်းက ပြီးခဲ့တဲ့ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ချန်ပီယံဖြစ်လာမယ့် အီတလီအသင်းကို အရေးနိမ့်ခဲ့သလို အင်္ဂလန်ကလည်း ယူရို-၂၀၂၀ ဗိုလ်လုပွဲကြီးမှာ အီတာလျံသားတွေကို ရှုံးနိမ့်ခဲ့ပါတယ်။

စပိန်နဲ့ အင်္ဂလန်အသင်းက ၁၉၉၆ ခုနှစ်၊ ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ရင်ဆိုင်ကစားရခြင်း မရှိပါဘူး။