ကော်တွိုက်စ် နှင့် အချင်းများပြီးနောက် နည်းပြ ဒီဒက်စ်ကိုအား ထုတ်ပယ်လိုက်တဲ့ ဘယ်လ်ဂျီယံ
စာချုပ်သက်တမ်းတိုးပြီးနောက် ၁၀ လအကြာတွင် ဒိုမီနီကို ဒီဒက်စ်ကိုဟာ ဘယ်လ်ဂျီယံအသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တွင်ခန့်အပ်ခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ်နည်းပြနှင့် သူရဲ့နည်းပြအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့မတ်လက မှ ၂၀၂၆ ကမ္ဘာ့ဖလားအထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဒိုမီနီကို ဒီဒက်စ်ကိုဟာ ယူရို ၂၀၂၄ တွင် ၁၆ သင်းအဆင့်မှ စိတ်ပျက်ဖွယ်ရာထွက်ခဲ့ရတဲ့ အသင်းကို ကြီးကြပ်ခဲ့သလို ဂိုးသမား ကော်တွိုက်စ်ကိုယ်တိုင်က ဒိုမီနီကိုတာဝန်ယူနေချိန်အတွင်း နိုင်ငံအသင်းဟာ အောင်မြင်မှုမရှိနိုင်ကြောင်း သြဂုတ်လတွင် ကြေညာခဲ့ပါတယ်။
ဒီဘရိုင်းဟာ ပင်ပန်းနွမ်းနယ်မှုနှင့် ရှုပ်ထွေးတဲ့ ကလပ်အသင်းအချိန်ဇယားကို ကိုးကား၍ အောက်တိုဘာလတွင် ဘယ်လ်ဂျီယံအသင်းမှ အချိန်ပိုပေးရန် တောင်းဆိုခဲ့သလို စက်တင်ဘာလ နေးရှင်းလိဂ်တွင် ပြင်သစ်ကို ရှုံးပြီးနောက်တွင် သူ့ရဲ့အသင်းဖော်တွေနဲ့ ဒိုမီနီကို ဒီဒက်စ်ကိုကို ဒီဘရိုင်းက ဝေဖန်ခဲ့ပါတယ်။
ထုတ်ပယ်ခြင်းခံရမှုတွင် ဒိုမီနီကို ဒီဒက်စ်ကို ရဲ့နောက်ဆုံး ၁၀ ပွဲတာဝန်ယူမှုတွင် ၂ ပွဲ သာအနိုင်ရခြင်းဟာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုအခါဟာ ဘယ်လ်ဂျီယံဟာ ၂၀၂၆ ခုနှစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် ကစားမယ့်ပွဲစဉ်တွေမှာ ရွှေရောင်မျိုးဆက်သစ်လို့ခေါ်တဲ့ အသင်းကို ကိုင်တွယ်ဖို့ နည်းပြတစ်ဦးကို ရှာဖွေရမှာဖြစ်ပါတယ်။
"ဒိုမီနီကိုဟာ နိုင်ငံ့နည်းပြအဖြစ် ကောင်းမွန်တဲ့ စတင်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး မျိုးဆက်ဟောင်းကို လွှတ်လိုက်ပြီးနောက်မှာတောင် ဖြစ်နိုင်ချေရှိတဲ့ အရာတွေရှိနေသေးတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်"
"သူဟာ လူငယ်ကစားသမားတွေကို အသင်းမှာ ပေါင်းစည်းထားပြီး နောက်ဆက်တွဲအနေနဲ့ ဒါကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစားမှုနဲ့ စေတနာထားမှုတို့အတွက် သူနဲ့သူ့အဖွဲ့ကို ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်" လို့ ဘယ်လ်ဂျီယံ အက်ဖ်အေရဲ့ CEO ဖြစ်သူ ပီတာဝဲလ်လမ်က ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ လာမည့် မတ်လ ၂၀ ရက်နှင့် ၂၃ ရက်တို့တွင် နေးရှင်းလိဂ် play offs ပွဲစဉ်များကို ကစားရမှာဖြစ်တာကြောင့် နည်းပြသစ်ကို ခန့်အပ်မှုကို မျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီဒက်စ်ကိုရဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးက အသင်းကနေထွက်ခွာသွားကြပြီဖြစ်ပါတယ်။
ရိန်းဂျားစ်ရဲ့ လက်ရှိမန်နေဂျာ ဆဲလ်မန့်ဟာ ဘယ်လ်ဂျီယံရဲ့လစ်လပ်နေတဲ့နေရာနှင့် ချိတ်ဆက်မှုများရှိနေပါတယ်။