The network connection is lost.

Banner Image

အယ်လ်ကလက်ဆီကိုပွဲမှာ ပါဝင်မကစားချင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘာစီလိုနာစတား

ဘာစီလိုနာဂိုးသမား ဆက်ဇနီက အခုလနောက်ပိုင်းမှာကစားမယ့် အယ်လ်ကလက်ဆီကိုပွဲမှာ ပါဝင်မကစားချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲ့အစား ဒဏ်ရာရနေတဲ့ ဂါစီယာတစ်ယောက် အဆိုပါပွဲမှာ ကြံ့ခိုင်မှုပြည့်ဝဖို့မျှော်လင့်နေပြီး သူနဲ့သာသင့်တော်တယ်လို့ ထောက်ခံခဲ့ပါတယ်။

အက်စ်ပန်ညိုအသင်းထံကနေပြောင်းလာပြီးနောက် ဂါစီယာဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဘာစီလိုနာရဲ့ယုံကြည်မှုရရှိထားခဲ့တာဖြစ်ပါတယ်။ ဆက်ဇနီက ဘာစီလိုနာနဲ့အတူ ၁ ရာသီထပ်မံသက်တမ်းတိုးထားခဲ့ပေမယ့် အသက် ၂၄ နှစ်သားကို အကောင်းဆုံးဂိုးသမားဖြစ်အောင်သာ ကူညီပေးချင်နေပါတယ်။ စပေါ့တ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ် နဲ့ ဂျူဗင်တပ်စ်ဂိုးသမားဟောင်းက ဂါစီယာနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ(ဂါစီယာ) မနှစ်ကတုန်းက အက်စ်ပန်ညိုမှာ လုပ်ပြခဲ့တာတွေကို တွေ့ပြီးပါပြီ။ အဲ့တာက ကျွန်တော့်ကိုသဘောကျစေခဲ့ပါတယ်။ ဒီမှာအတူတူလေ့ကျင့်ခန်းဆင်းအပြီးမှာလည်း သူ့ကိုကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်အောင် ကူညီပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ကျွန်တော် အခုသူအဲ့အဆင့်ရောက်နေပြီလို့ မပြောပါဘူး။ ဒါပေမယ့် သူ့မှာအလားအလာကောင်းတွေရှိနေပါတယ်။ တကယ်လို့ ကျွန်တော်ကူညီပေးနိုင်မယ်ဆိုရင် အသင်းအတွက်တင်မဟုတ်ပဲ သူ့အတွက်ကောင်းလာမှာပါ။ သူ့မှာအလားအလာကောင်းတွေရှိနေပါတယ်။ တကယ်လို့ ကျွန်တော်ကူညီလိုက်ဖို့ သူတိုးတက်လာတယ်ဆိုရင် ကျွန်တော်ကျေနပ်မိမှာပါ”လို့ ဆက်ဇနီက ပြောကြားခဲ့ပါတယ်။

ဂါစီယာဟာ ဘာစီလိုနာအတွက် ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း စက်တင်ဘာ ၂၆ ရက်နေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ အယ်လ်ကလက်ဆီကိုပွဲကန်ဖို့ သိပ်မလိုတော့တာကြောင့် ဆက်ဇနီက အဆိုပါပွဲမတိုင်ခင် ဂါစီယာပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်က အယ်လ်ကလက်ဆီကိုပွဲမှာ ပါဝင်မကစားချင်ပါဘူး။ ကျွန်တော် နဲ့ ဂါစီယာကြားက ဆက်ဆံရေးက ရှင်းပါတယ်။ သူက အကောင်းဆုံးဖြစ်သလို အဲ့ပွဲမှာ သူပဲပါဝင်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတိုးတက်လာအောင်ပဲ ကျွန်တော်ကူညီပေးချင်ပါတယ်။ ဒီတာဝန်ကို ကျွန်တော်လက်ခံထားသလို သူကလည်း အသင်းရဲ့အဓိကဂိုးသမားပါ”လို့ ဆက်ဇနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆီဗီလာကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အခုလာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ ဂီရိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။