
အာဆင်နယ်ပစ်မှတ်ဘက်ကို မြှားဦးလှည့်လာတဲ့ ဘာစီလိုနာ
စပိန်ကလာတဲ့သတင်းတွေအရ ဘာစီလိုနာဟာ ယူနိုက်တက်အသင်း စပို့တင်းတိုက်စစ်မှူး ဗစ်တာဂိုကရီရက်စ်ကို ခေါ်ယူနိုင်မယ်လို့ သတ်မှတ်ထားတာကြောင့် အာဆင်နယ်ပစ်မှတ် အီဆက်ဘက်ကို မြှားဦးလှည့်လာတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ လီဝန်ဒေါစကီးနေရာကို အစားထိုးဖို့ ပြင်ဆင်နေပြီး နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖွယ်ရှိနေပါတယ်။ပိုလန်သားဟာ ဘာစီလိုနာမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် အသက် ၃၇ နှစ်ရှိလာတော့မှာဖြစ်တာကြောင့် အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဘာစီလိုနာကိုပြောင်းလာပြီးကတည်းက ၁၂၈ ပွဲမှာ ၉၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ၃၃ ပွဲမှာ ၃၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနည်းပြ ဖလစ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး တနင်္လာနေ့ညမှာ ဗယ်လက်ကာနိုအသင်းကိုအနိုင်ရခဲ့မယ်ဆိုရင် တီကို နဲ့ မက်ဒရစ်တို့ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဥရောပမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ချန်ပီယံလိဂ်မှာ ဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးနေရာကို အစားထိုးဖို့ဆိုတာက ခက်ခဲနိုင်ပေမယ့် စပိန်သတင်းဌာန ဒီပို့တ်တီဗို့သတင်းဌာနကတော့ နယူးကာဆယ်စတား အီဆက်ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အီဆက်ဟာ ဆိုစီဒက်ကနေ ပြောင်းလာပြီးကတည်းက နယူးကာဆယ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဒီရာသီ ၂၂ ပွဲမှာလည်း ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
ဆွီဒင်သားကို အာဆင်နယ်အသင်းကလည်း ပစ်မှတ်ထားနေပြီး အာတီတာက ခေါ်ယူချင်နေပါတယ်။ ဇန်နဝါရီတုန်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားရဲ့တန်ကြေးကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ အီဆက်အဆင်မပြေတာကြောင့် ရေတိုအနေနဲ့ အာတီတာက ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ဘာစီလိုနာဘက်က စပို့တင်းတိုက်စစ်မှူး ဂရိုကီရက်စ်ကို ချိတ်ဆက်နေပေမယ့်လည်း ယူနိုက်တက် အသာရနိုင်တာကြောင့် အရန်ကစားသမားတွေကို ပစ်မှတ်ထားထားတာဖြစ်ပါတယ်။
ဂရိုကီရက်စ်ကလည်း ပေါ်တူဂီမြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ကိုဗင်ထရီကနေပြောင်းပြီးကတည်းက စပို့တင်းအတွက် ၈၆ ပွဲမှာ ၇၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ဘာစီလိုနာကတော့ အီဆက်ကော ဂရိုကီရက်စ်ကောအဆင်မပြေခဲ့ရင် လိုင်လီစတား ဂျိုနသန်ဒေးဗစ်ကို ပစ်မှတ်ထားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ပေါလ်စခိုးလ်က အာဆင်နယ်အနေနဲ့ အီဆက်ကိုခေါ်ယူနိုင်ဖို့ သံသယဖြစ်မိကြောင်းေ ပြာကြားခဲ့ပါတယ်။
“လူတိုင်း သူ့ကိုချစ်ပါတယ်။ ဒါပေမယ့် အီဆက်အနေနဲ့ အာဆင်နယ်ကိုသွားမယ်လို့ မမြင်မိပါဘူး။ သူ့အနေနဲ့ ပိုကြီးပြီး ပိုကောင်းတဲ့အသင်းကိုသွားဖို့ လိုအပ်ပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။