ကျန်းမာရေးအခြေအနေကြောင့် ဗလန်စီယာနှင့်ပွဲကို လွဲချော်ခဲ့တဲ့ ပက်ဒရီ
လာလီဂါဆုဖလားမျှော်လင့်ချက် ဆက်ရှိနေဖို့အတွက် ဘာစီလိုနာဟာ ဗလင်စီယာနှင့်ပွဲကို အနိုင်ကစားရမှာဖြစ်ပေမယ့် ပွဲမတိုင်ခင် သတင်းဆိုးတွေရှိနေကာ အသင်းရဲ့ အဓိကကစားသမား အများစုမပါဝင်ဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လတွေမှာ ပက်ဒရီဟာ ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်နေပြီး ဒဏ်ရာမရရှိမီတုန်းက ခြေစွမ်းလိုမျိုး ပြန်လည်ပြသဖို့ လက္ခဏာရှိနေပါတယ်။ အားလုံးကို ဖြတ်ကျော်ခဲ့တဲ့ ပက်ဒရီဟာ လက်ရှိရာသီ ပြိုင်ဆိုင်မှုပြင်းထန်ထဲ ပွဲတိုင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
MDရဲ့ ဖော်ပြချက်အရ တနင်္ဂနွေနေ့ ဗလင်စီယာနှင့်ပွဲအတွက် ပက်ဒရီဟာ မကစားနိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အထက်လန်အောက်လျောဖြစ်နေပြီး ဝမ်းလျောမှုက ပွဲမတိုင်မီ သူ့ရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ကာ သူ့ကိုထည့်သွင်းကစားဖို့ ဖလစ်က စဉ်းစားမှာ မဟုတ်ပါဘူး။
ဖလစ်ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲက အရိပ်အမြွက်အရ ဗလင်စီယာနှင့်ပွဲမှာ ပက်ဒရီက ပွဲထွက်ကစားဖို့ မျှော်လင့်ခဲ့ရပေမယ့် စပိန်သားဟာ အနားယူရဖွယ်ရှိနေပါတယ်။ ၂၀၂၅ ခုနှစ်အစ ပွဲကျပ်ကာလတွင် သူက ကောင်းကောင်းအနားရမှာဖြစ်ပြီး ဒါဟာ ဘာစီလိုနာအတွက်တော့ သတင်းဆိုးပဲဖြစ်ပါတယ်။
သို့သော်လည်း ဒီဂျောင်လို ကစားသမားအတွက် ပွဲထွက်ခွင့် ရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အခုတော့ သူ့ကို ဖလစ်က ရွေးချယ်ဖို့ သေချာသလောက်ရှိနေပြီး ကာဆာဒိုနှင့်အတူ ပွဲထွက်လာရနိုင်ပါတယ်။ ဒါကြောင့် ဂါဗီက အတွင်းပိုင်းသို့ ဖာမင်လိုပက်ဇ် သို့မဟုတ် ပက်ဘလိုတိုရီနှင့်အတူ ဝင်ရောက်ကစားရနိုင်ကာ ဒန်နီအိုလ်မိုကတော့ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။