
နွေရာသီအတွက် အာဆင်နယ်ပစ်မှတ်နဲ့ဆွေးနွေးနေတဲ့ ဘာစီလိုနာ
သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ နီကိုဝီလီယံကိုခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက နီကိုဝီလီယံကို ဘာစီလိုနာအသင်းက ချိတ်ဆက်ခဲ့သေးပေမယ့် ကစားသမားက ဘီလ်ဘာအိုမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စပေါ့တ်သတင်းဌာနကတော့ ဘာစီလိုနာဟာ စပိန်သားကိုခေါ်ယူဖို့ လက်မလျှော့သေးဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဝီလီယံကို ဘာစီလိုနာအသင်းတစ်သင်းတည်းက စိတ်ဝင်စားနေတာမဟုတ်ပဲ အာဆင်နယ် နဲ့ ဘိုင်ယန်တို့ကလည်း ချိတ်ဆက်နေပါတယ်။
ဒါပေမယ့် အာဆင်နယ်က တောင်ပံနေရာအတွက် စပိန်သားကို ပိုစိတ်ဝင်စားနေတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးပေးချေဖို့ပဲ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေရှိပေမယ့် ဘာစီလိုနာက ဝီလီယံကိုခေါ်ယူဖို့ နိုင်ငံအသင်းဖော် ယာမဲလ်ကို အသုံးချဖို့ ပြင်ဆင်နေပါတယ်။ ယာမဲလ် နဲ့ ဝီလီယံတို့ဟာ အရမ်းကိုမှနီးစပ်တဲ့သူငယ်ချင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အင်တာဗျူးမှာ ဝီလီယံက “ကျွန်တော် အများကြီးရယ်မောခဲ့ကြပါတယ်။ အဲ့တာက ယေဘုယျအားဖြင့် ကျွန်တော်တို့မှာ တူညီတဲ့ကိုယ်ရည်ကိုယ်သွေး နဲ့ တူညီတဲ့အရာတွေရှိနေတာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။
သူက တကယ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်သလို ကျွန်တော်ကလည်း တတ်နိုင်သမျှ သူ့ကိုအကြံပေးနိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော့်အကို အီနာကီလည်း ကျွန်တော့်လိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ယာမဲလ်ရဲ့အကူအညီနဲ့နွေရာသီမှာ ဝီလီယံကိုခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပေမယ့် အာတီတာကတော့ သူလိုချင်တဲ့ကစားသမားရဲ့သတင်းကို အမြန်ဆုံးကြားချင်နေပါတယ်။