The network connection is lost.

Banner Image

ဘီလ်ဘာအိုနဲ့ သရေကျပြီးနောက် ဘာစီလိုနာတို့ စိတ်ပျက်ခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ နည်းပြဇာဗီ

ဘာစီလိုနာနည်းပြဇာဗီက ဘီလ်ဘာအိုနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် သူတို့အသင်းဟာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အခုသီတင်းပတ်ကုန်မှာ နိုင်ပွဲပျောက်ဆုံးထားတဲ့ အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်ကို အမှီလိုက်နိုင်မယ့် အခွင့်အရေးတစ်ခုကို သရေရလဒ်နဲ့အတူ ဘာစီလိုနာတို့ လက်လွှတ်ခဲ့ရပါတယ်။
 
ဇာဗီက “ကျွန်တော်တို့တွေ ကောင်းကောင်းမကစားနိုင်ခဲ့သလို လုံလောက်တဲ့ တိုက်စစ်ဆင်မှုတွေလည်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ယူဆမိပါတယ်။ ကျွန်တော်တို့တွေ ခြေတစ်လှမ်းလောက် ရှေ့တိုးခဲ့သင့်ပါတယ်။ စိတ်မကောင်းလည်း မဖြစ်မိပါဘူး။ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံလည်း ချမပြနိုင်ခဲ့ပါဘူး။ ဒီပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေ လိုအပ်နေခဲ့ပါတယ်။ အခွင့်အရေးတစ်ခု လက်လွှတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအသင်းက အခုထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့အတွက် အမှတ်ပေးဇယားရပ်တည်မှု အပြောင်းအလဲမဖြစ်စေခဲ့ပါဘူး”
 
“ကျွန်တော်တို့အတွက် တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ အနိုင်ရရှိဖို့၊ တိုးတက်လာဖို့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ သက်သောင့်သက်သာမရှိသလို ကျေနပ်စရာလည်း မရှိခဲ့ပါဘူး။ တိုးတက်လာဖို့ အများကြီးလုပ်ရပါဦးမယ်။ အခွင့်အလမ်းကောင်းတစ်ခု လက်လွှတ်ခဲ့ရတာပါ။ ကျွန်တော့်ဆီမှာလည်း ခံစားချက်ကောင်းတစ်ခု ရှိမနေပါဘူး။ ဒီလိုတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ဆင်ပုံ မကောင်းမွန်တဲ့ ရုပ်ဆိုးဆိုးပွဲစဉ်တွေ ရှိပါတယ်။ အပြုသဘောဆောင်တဲ့ အချက်ကတော့ ခံစစ်ပိုင်းကို ကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။
 
အခုပွဲစဉ်မှာ ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ ပက်ဒရီနဲ့ ဒီဂျောင်တို့ ဒဏ်ရာပြဿနာပေါ်ပေါက်ခဲ့ပါတယ်။ ဇာဗီက “ဒီလိုဒဏ်ရာပြဿနာတွေက ကျက်သရေမရှိပါဘူး။ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်သွားသလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ သူတို့နှစ်ဦးရဲ့ ဒဏ်ရာအခြေအနေတွေ မကောင်းမွန်သလို ကျွန်တော်တို့အပေါ်လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ ပွဲအတော်များများအတွက် ကစားသမားနှစ်ဦးကို လက်လွှတ်ရပါတော့မယ်။ ဝမ်းနည်းစရာပါ။ အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားနှစ်ဦး ဖြစ်ပါတယ်။ ပက်ဒရီက ပုံစံကောင်းပြန်ရနေခဲ့ပါပြီ။ ဝမ်းနည်းစရာပါပဲ။ ပြီးတော့ ဒီဂျောင်ကလည်း အရေးကြီးပါတယ်။ ဒါလည်း ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့ သူတို့နှစ်ဦးလုံးကို လက်လွှတ်ရပါလိမ့်မယ်။ ကွင်းလယ်လူနှစ်ဦး ဒဏ်ရာရသွားတာ ဧရာမကံဆိုးမှုကြီးတစ်ခု ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။