
ယူနိုက်တက်ကိုပြောင်းရွှေ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်လူငယ်စတားဟောင်း
ယူနိုက်တက်နောက်ခံလူ အေဒန်ဟဲဗင်းကတော့ အာဆင်နယ်ကနေထွက်ခွာပြီး ယူနိုက်တက်ကိုပြောင်းရွှေ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဟဲဗင်းဟာ အာဆင်နယ်အတွက် စီနီယာကစားသမားဘ၀ ၁ ပွဲပါဝင်ကစားခဲ့ပြီးနောက် ဇန်နဝါရီတုန်းက ယူနိုက်တက်ထံပြောင်းရွှေ့ခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ရိန်းဂျားစ်နဲ့ပွဲမှာ ဟဲဗင်းကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခံခဲ့ရပြီးနောက် အပြောင်းအရွှေ့က အလျင်အမြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကိုပြောင်းလာခဲ့ရတာနဲ့ပတ်သက်ပြီး ဟဲဗင်းက “အဲ့ပွဲက ကျွန်တော့်စိတ်ကိုပြောင်းလဲစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်အားပေးမှုကျယ်လောင်တဲ့ကွင်းမျိုးမမြင်ဖူးပါဘူး။ အဲ့တာက တော်တော်လေးဆူညံခဲ့သလို ဝန်ထမ်းတွေကလည်း ကြင်နာကြပါတယ်။ ကျွန်တော်ဒီအသင်းမှာကစားရရင်ကောင်းမှာပဲလို့ တွေးမိသလို အဲ့လိုခံစားရတာကြောင့်လည်း ဒီကိုပြောင်းလာခဲ့တာပါ”လို့ ဖြေကြားခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းကလည်း ဘာစီလိုနာနဲ့ပွဲကို လာရောက်ကြည့်ရှုဖို့ ဟဲဗင်းကိုဖိတ်ခေါ်ခဲ့သလို ချဲလ်ဆီး နဲ့ မာဆေးလ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကသာ ပိုဆွဲဆောင်နိုင်ခဲ့ပြီး အားကစားဒါရိုက်တာ ဝီလ်ကော့ခ်က ဟဲဗင်းကို လေ့ကျင့်ရေးကွင်းအပြင် အာမိုရင် ၊ ဖာဂူဆန်တို့နဲ့ပါ တွေ့ဆုံပေးခဲ့ပါတယ်။ အေဒန်ရဲ့မိခင်ဖြစ်သူ လီဆာဟာ ဖီဖာရဲ့လိုင်စင်ရအေးဂျင့်ရရှိထားတာဖြစ်ပြီး သားဖြစ်သူ အသက် ၁၆ နှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။