The network connection is lost.

Banner Image

ချဲလ်ဆီးကွင်းလယ်လူ ဂယ်လာဟာကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ယခုအခါမှာတော့ ချဲလ်ဆီးကွင်းလယ်လူ ကော်နာဂယ်လာဟာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်ပေမယ့် အခုချိန်အထိ စာချုပ်သက်တမ်းမတိုးသေးတာကြောင့် FFP စည်းမျဉ်းတွေကို ရှောင်လွဲနိုင်ဖို့အတွက် ရောင်းချသွားနိုင်ချေရှိတယ်လို့လည်း ထင်ကြေးပေးထားကြပါတယ်။ ဂယ်လာဟာက ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်တာကြောင့် ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ဘဏ္ဍာငွေအသားတင်ရရှိမှာဖြစ်သော်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အဓိက ကစားသမားတစ်ဦးလည်းဖြစ်နေတာကြောင့် ကွင်းလယ်ပိုင်းမှာ အင်အားနည်းသွားနိုင်ချေရှိနေပါတယ်။

ချဲလ်ဆီးဟာ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က ဒဏ်ရာနဲ့ ရုန်းကန်နေရချိန်မှာ ဂယ်လာဟာကို အသင်းခေါင်းဆောင်လက်ပတ်လွှဲပြောင်းပေးထားတာကြောင့် တကယ်လို့ ဂယ်လာဟာကိုသာ  ရောင်းချခဲ့မယ်ဆိုရင် အသင်းအဖော်တွေအတွက် စိတ်ဓာတ်ကျစရာဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။

ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းခံထားရတဲ့ ကစားသမားဟာ သူ့ရဲ့ချဲလ်ဆီးကစားသမားဘဝ အနာဂတ်နဲ့ပတ်သက်ပြီး “ကျွန်တော် ချဲလ်ဆီးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာတွေ မြင်ရ ကြားရပါတယ်။ ကျွန်တော်နဲ့ ချဲလ်ဆီးမှာရှိတဲ့ လူတိုင်းကလည်း နည်းပြသစ်နဲ့လက်တွဲရဖို့အတွက် အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။ ပြီးတော့ ချဲလ်ဆီးကိုလည်း ထိုက်တန်တဲ့နေရာကို ပြန်ပို့ဖို့အတွက် ကြိုးစားသွားမှာပါ။ ဒါကြောင့် မန်နေဂျာအသစ်နဲ့အတူ ကျွန်တော်တို့ တိုးတက်မှုတွေ ပိုမိုပြုလုပ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် ပဏာမလူစာရင်းမှာ ဂယ်လာဟာကို ရွေးချယ်ထားတာကြောင့် ကစားသမားအနေနဲ့ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ ပုံမှန်ထက် ပိုမိုထူးခြားတဲ့ခြေစွမ်းမျိုးကို ပြသနိုင်ဖို့လိုအပ်နေပါတယ်။