The network connection is lost.

Banner Image

အင်္ဂလန်အသင်းအတွက် ရမ်စ်ဒေးလ်အားရွေးချယ်ဖို့ ဆောက်ဂိတ်ကို တိုက်တွန်းလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ဂိုးသမား ရမ်စ်ဒေးလ်ကို လာမယ့်နွေရာသီ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ဖို့ ဂါရတ်ဆောက်ဂိတ်ကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။

မကြာခင်မှာပဲ ဆောက်ဂိတ်ဟာ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားမယ့် ခြေစွမ်းပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းလူစာရင်းကို ရွေးချယ်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရမ့်စ်ဒေးဟာ အာဆင်နယ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ပထမဂိုးသမားနေရာကို ဒေးဗစ်ရာယာထံ လွှဲပြောင်းခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ ရာယာက မိခင်ကလပ်နဲ့ ပြိုင်ဘက်အဖြစ်ကစားခွင့်မရှိတာကြောင့် ရမ့်စ်ဒေးက ပွဲထွက်လာဖို့ရှိနေတာဖြစ်ပါတယ်။ အာတီတာက “ဆောက်ဂိတ်ရဲ့စိတ်ကူးတွေကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ရမ့်စ်ဒေးကို ရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်။ ရမ့်စ်ဒေးက တစ်ချိန်မှာ အင်္ဂလန်အသင်းအတွက် အရေးပါလာမယ်ဆိုပြီး အကြံပေးတာတော့မဟုတ်ပါဘူး။ သူက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကတည်းက တစ်သမတ်တည်းရှိပြီး လိုက်လျောညီထွေရှိမှုကို သက်သေပြပြီးသားပါ။ သူ့မှာရှိတဲ့ အရည်အသွေးကို ဆက်တိုက်ပြသထားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရမ်စ်ဒေးလ်းအနေနဲ့ ကွင်းထဲမှာ စိတ်လှုပ်ရှားမှု လွန်ကဲခြင်းရှိမရှိနဲ့ပတ်သက်ပြီး စပိန်သားက “ကစားသမားတွေက ကိုယ့်ရဲ့ပင်ကိုယ်စရိုက်အတိုင်းပဲဖြစ်ရပါမယ်။ ရမ်စ်ဒေးလ်မှာ အကြီးမားဆုံး အရည်အသွေးတွေရှိပါတယ်။ သူ့ရဲ့ စရိုက်လက္ခဏာက သူ့ရဲ့စွမ်းအင်ပါပဲ။ ဒါကို ဘယ်သူမှမထိန်းချုပ်နိုင်ပါဘူး။ သူက သူပါပဲ” လို့ပြောကြားခဲ့ပါတယ်။

စနေနေ့မှာတော့ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ပွဲစဉ်မတိုင်ခင် အဆင့် ၁ နေရာမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။