The network connection is lost.

Banner Image

ရာသီသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

ပွဲကျပ်များတဲ့ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးနောက် အာတီတာက ပရီးမီးယားလိဂ်ရာသီသစ်နဲ့ပတ်သက်ပြီး နှစ်ခြိုက်မိတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးကို ရာသီပိတ်ခါနီးအထိ ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ဆုဖလားတော့ လွဲချော်ခဲ့ပါတယ်။ လာမယ့်ရာသီသစ်မှာလည်း အာဆင်နယ်က မန်စီးတီးကို ဆက်လက်ဖိအားပေးနိုင်ဖို့ လိုအပ်တဲ့ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ အီတလီနောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ရာယာကိုလည်း ဘရန့်ဖို့ဒ်အသင်းကနေ အပြီးသတ်ခေါ်ယူထားခဲ့ပါတယ်။ အာတီတာက ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားအသစ်ရှာဖွေနေပြီး ရာသီအဖွင့်ပွဲမှာ ဝုဗ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဲ့နောက် ဗီလာ ၊ မန်စီးတီး ၊ တော့တင်ဟမ်တို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“အိမ်ကွင်းမှာ ပထမဆုံးကစားရတဲ့ပွဲကို ကြိုက်ပါတယ်။ အဲ့တာက သေချာပါတယ်။ လူတိုင်းက အဲ့တာကိုစောင့်နေကြတာလို့ ထင်ပါတယ်။ ရာသီသစ်က တကယ့်ထူးရှယ်နေ့ဖြစ်လာနိုင်ပါတယ်။ ခွန်အားအသစ်တွေ မျှော်လင့်ချက်အသစ်တွေနဲ့စတင်မှာဖြစ်ပါတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ သေချာလေးပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ်မှာက ဘယ်အသင်းမဆိုခက်ခဲပါတယ်။ ကျွန်တော်တို့ ကျော်ဖြတ်ရမှာတွေရှိပါတယ်။ အဲ့အတွက်လည်း သေချာလေးပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေက လျင်မြန်ပြီး အရမ်းများတာကြောင့်ပါ။ ယူရိုသွားကန်နေတဲ့ ကစားသမားတွေ အတွက်လည်း သေချာလေးပြင်ဆင်ထားပါတယ်။ ဝုဗ်နဲ့ပွဲမှာ အားလုံးအဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမှာပါ။ အဲ့မတိုင်ခင်မှာတော့ ကစားသမားတွေအနေနဲ့ မသေချာမှုတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အလှည့်အပြောင်းတွေရှိနိုင်ပါတယ်။ ကစားသမားတွေကြားက ချိတ်ဆက်မှုက အမြဲတမ်းအဆင်ပြေမယ်ဆိုရင် ရာသီသစ်အတွက် စိတ်လှုပ်ရှားစရာတွေဖြစ်လာနိုင်ပြီး အပေါင်းလက္ခဏာဆောင်တာတွေဖြစ်လာနိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။