
အဲဗာတန်ရဲ့ပယ်နယ်တီနဲ့ပတ်သက်ပြီး ပေါက်ကွဲနေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာဟာ မနေ့ညက ဂွတ်ဒီဆင်ပတ်ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အဲဗာတန်ကို ပယ်နယ်တီပေးခဲ့တာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်ရဲ့ အဲဗာတန်အသင်းဟာ ဒုတိယပိုင်းအစမှာ အီလီမန်န်ဒီယေးရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ အာဆင်နယ်ထံကနေ အမှတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပယ်နယ်တီကို ဒိုင်လူကြီး ဒါရန်အင်ဂလန်က ပေးခဲ့တာဖြစ်ပြီး မိုင်လ်စ် လူးဝစ် စကဲလီက ဂျက်ဟာရစ်ဆန်ကို ပယ်နယ်တီဧရိယာအတွင်း လှဲချခဲ့တယ်လို့ သတ်မှတ်ခဲ့တာပါ။ ဗီဒီယိုအကူဒိုင်လူကြီး (VAR) စတူးဝပ်အက်ထ်ဝဲလ်ကလည်း အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခြင်း မရှိခဲ့ပါဘူ။ ပွဲအပြီးမှာ အာတီတာက ပယ်နယ်တီပေးခဲ့တာနဲ့ပတ်သက်ပြီး အလွန်အမင်းဒေါသထွက်ကာ သူ့ရဲ့သဘောထားကို ပြောကြားခဲ့ပါတယ်။
"ဒိုင်လူကြီးက ပွဲရဲ့ပုံစံကိုပြောင်းလဲသွားစေတဲ့ ပယ်နယ်တီကို ပေးခဲ့တာပါ။ ကျွန်တော်က ကျွန်တော့်ရဲ့အမြင်ကိုပြောပြတာပါ။ ၁၅ ကြိမ်လောက် ပြန်ကြည့်ပြီးတဲ့နောက်မှာ ကျွန်တော့်အမြင်အရ ပယ်နယ်တီပေးစရာအကြောင်းမရှိပါဘူး။ အကယ်၍သာ ပယ်နယ်တီပေးခဲ့တယ်ဆိုရင် [ဂျိတ်] အိုဘရိုင်ယန်ကို ထုတ်ပယ်ရမှာဖြစ်ပြီး အဲဗာတန်ကစားသမား ၁၀ ယောက်နဲ့ ဆက်ကစားရမှာဖြစ်ပါတယ်။ အဲဒါကရှင်းပါတယ်"လို့ အာတီတာက ပြောပါတယ်။
ဒီပွဲသရေကျခဲ့တာဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်ကို ထပ်မံထိခိုက်စေခဲ့ပါတယ်။ အခုဆိုရင် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၁ မှတ်အထိကွာဟသွားပြီး လီဗာပူးကလည်း ဖူလ်ဟမ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ အမှတ်တွေထပ်ဖြတ်နိုင်ဖို့ အခွင့်အရေးရရှိထားပါတယ်။