
The network connection is lost.

အာဆင်နယ်ဟာ နွေရာသီတုန်းက အေဂျက်အသင်းထံကနေ တင်ဘားကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပေမယ့် ရာသီအစ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာတင် အရွတ်ကြောပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရပါတယ်။ အခုချိန်မှာတော့ အာတီတာက အသက် ၂၂ နှစ်သားဟာ ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ပြောကြားလိုက်ကာ သူမပါဝင်နိုင်ချိန်မှာ အာဆင်နယ်လိုအပ်နေတဲ့ အရာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ပထမဆုံးက သူ့ရဲ့ခေါင်းဆောင်မှုအပိုင်းပါ။ ပြီးတော့ သူ့ရဲ့စွယ်စုံရတဲ့ အရည်အချင်းပါ။ သူက မတူညီတဲ့နေရာတိုင်းမှာ ကစားနိုင်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာပါ။ သူဖန်တီးပေးနိုင်တဲ့နေရာလွတ်တွေရယ် သူ့မှာအခြားသူတွေနဲ့ မတူညီတဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ သူအထိုင်ကျသွားမယ်ဆိုရင် အခြားကောင်လေးတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်မှာပါ။ သူလွဲချော်မှုက အရမ်းကိုကြီးမားပါတယ်။ အဲ့တာက နှစ်သက်စရာပါ။ ကြံ့ခိုင်ရေး ဝန်ထမ်းတွေနဲ့ ဆေးအဖွဲ့တွေက သူ့ရဲ့အာရုံစိုက်မှုကို ကျေနပ်နေကြပါတယ်။ သူ့ရဲ့အာရုံစိုက်မှုက အထူးသဖြင့် သူလုပ်ဆောင်နေတဲ့အရာတွေက တကယ်ကောင်းပါတယ်။ သူ့ကိုယ်သူပြန်လည်တည်ဆောက်ရေး လုပ်ဆောင်တာတွေက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဘယ်လောက်အထိ သူဆုံးဖြတ်ချက်ခိုင်မာလဲဆိုတာရယ် ၊ အရာအားလုံးအပေါ်မှာ အားစိုက်ထုတ်မှု ၊ တောင်းဆိုမှုတွေ သူလုပ်ဆေင်နေတာတွေရယ်က တကယ်ကောင်းပါတယ်။ အခုဆိုတော့ သူစီမံခန့်ခွဲလာနိုင်ခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ အဲ့တာက ဒဏ်ရာရဲ့နောက်ဆုံးအဆင့်ဖြစ်တာကြောင့်ပါ။ ပြီးတော့ ရှုပ်ထွေးပါတယ်။ အခုဆိုတာ သူမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
တင်ဘားဟာ မန်စီးတီးကိုအနိုင်ရခဲ့တဲ့ ကွန်မြူနတီဖလားပြိုင်ပွဲတုန်းက ပါဝင်ကစားခဲ့တာဖြစ်ပြီး အေဂျက်နေ အာဆင်နယ်ကိုမပြောင်းခင် နယ်သာလန်ကလပ်အတွက် ၁၂၁ ပွဲအထိ ပါဝင်ကစားခဲ့ကာ နိုင်ငံအသင်း အတွက်တော့ ၁၅ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ နယ်သာလန်သားအနေနဲ့ အခုအပတ်မှာ ကန်မယ့် ရှက်ဖီးလ်နဲ့ပွဲမှာတော့ ပါဝင်လာဖွယ်မရှိပဲ နောက်ထပ်စနေနေ့မှာ ကန်မယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာတော့ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။