The network connection is lost.

Banner Image

ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးနေခြင်းကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်ဂန္တဝင်အာစင်ဝင်းဂါးက ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးခြင်းစည်းမျဉ်းကို ပြန်လည်သုံးသပ်သင့်ပြီလို့ ယုံကြည်နေပါတယ်။လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့က ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေအပြီး ပြိုင်ဘက်တွေဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ ဘိုဒိုဂလင့်တို့ကို ဂိုးပြတ်အနိုင်ရရှိထားလို့ ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ ရေပန်းစားနေပါတယ်။ 

ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ အာစင်ဝင်းဂါးကတော့ ယူရိုပါလိဂ်ချန်ပီယံကို ချန်ပီယံလိဂ်ဆီ ပို့ဆောင်မည့်အစား ဘောလုံးရာသီသစ်ရဲ့ယူရိုပါလိဂ်ပြိုင်ပွဲဆီ တိုက်ရိုက်ပါဝင်ကစားခွင့်ပြုသင့်တယ်လို့ ယုံကြည်နေပါတယ်။

beIN Sports နဲ့ ဆွေးနွေးခန်းမှာ ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးသင့်သလားဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက “ မပေးသင့်ပါဘူး။ကောင်းပါပြီ၊ ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ပေးနေတယ်ဆိုရင်လည်း ဒါ ခင်ဗျားတို့ရဲ့အခွင့်အရေးပါ။ ဒါပေမယ့် ယူရိုပါလိဂ်ချန်ပီယံဆိုတာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်မဟုတ်ဘဲ ယူရိုပါလိဂ်ပြိုင်ပွဲအတွက်သာ ဖြစ်သင့်ပါတယ်။ သူတို့တွေက ယူရိုပါလိဂ်ပြိုင်ပွဲမှာပဲ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သင့်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို အသင်းငါးခုလောက် ပုံမှန်ရရှိနေတဲ့ လိဂ်တစ်ခုမှာဆိုရင်ပေါ့။ ဒါကြောင့် ကျွန်တော်တို့တွေ ဒီစည်းမျဉ်းကို ပြန်လည်ဆန်းစစ်သင့်နေပါပြီ။ တဖက်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ယူရိုပါလိဂ်ကို အာရုံစိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေလည်း ရှိလာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့က ဆိုးရွားလှတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရပြီး အာမိုရင်ရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရောက်ရှိနေကာ ပိုစတီကိုဂလူရဲ့အသင်းကတော့ သရဲနီတွေရဲ့နောက် ကပ်လျက်ရှိနေပါတယ်။ ပြည်တွင်းလိဂ်တွေမှာ နိမ့်ကျတဲ့အခြေအနေမျိုးနဲ့အတူ ရပ်တည်နေသူတွေက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမယ်ဆိုရင် အံ့အားသင့်ဖို့ ကောင်းသွားပါလိမ့်မယ်။ ဒါကြောင့် ဒီစည်းမျဉ်းသတ်မှတ်ချက်ကို ပြန်လည်သုံးသပ်တာမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။

လာမယ့်ကြာသပတေးနေ့၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ယူနိုက်တက်က ဘီလ်ဘာအိုကို ဧည့်ခံကစားရဖို့ ရှိနေပြီး တချိန်တည်းမှာပဲ တော့တင်ဟမ်က ဘိုဒိုဂလင့်နဲ့ အဝေးကွင်းပွဲစဉ် ဆင်နွှဲသွားရပါမယ်။