The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်စတားကို ယူရို ၁၁ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်စတား နော်ဂတ်ကို ယူရို ၁၁ သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့ အာဆင်နယ်ဟာ အခုနွေရာသီမှာ လုပ်ဆောင်နေတာဖြစ်ပြီး ဂျော်ဂျင်ဟိုမရှိတော့တဲ့အပြင် ပါတေးကလည်းမသေချာတာကြောင့် နော်ဂတ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်စတား နော်ဂတ်ကို ကမ်းလှမ်းထားပြီး စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပါတယ်။ ဒိန်းမတ်သားဟာ အာဆင်နယ်ရဲ့ဦးစားပေးကစားသမားတော့ဖြစ်လာမှမဟုတ်ပဲ ဇူဘီမန်ဒီနောက်မှသာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ နော်ဂတ်ဟာ ၂၀၁၉ တုန်းက ဘရန့်ဖို့ဒ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဖရန့်ခ်လက်အောက်မှာ ပရီးမီးယားလိဂ်တန်းတက်လာအောင် အသင်းကိုကူညီပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ နည်းပြ ဖရန့်ခ်က တော့တင်ဟမ်အသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ နော်ဂတ်အနေနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့ရင် ပြိုင်ဘက်အဖြစ် ဆရာဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂိုးသမားနေရာအတွက် ကီပါကို အပြီးသတ်ဖို့လုပ်ဆောင်နေပြီး တိုက်စစ်ပိုင်းအတွက် စပို့တင်းစတား ယိုကရက်စ်ကို ချိတ်ဆက်နေပါတယ်။