The network connection is lost.

Banner Image

ဗလန်စီယာစတားကိုခေါ်ယူနိုင်တော့မယ့် အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ မော့စကွယ်ရာနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်ကာ ဗလန်စီယာနဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။ စပိန်သားဟာ လက်ရှိမှာစပိန်ယူ - ၂၁ အသင်းမှာကစားနေတာဖြစ်ပြိး ဆာလီဘာ နဲ့ ဂါဘရီရယ်နေရာအတွက် အစားထိုးနိုင်မှာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ မော့စကွယ်ရာကို ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၁ နှစ်သားဟာ ဗလန်စီယာအတွက် လာလီဂါ ၃၈ ပွဲမှာ ၃၇ ပွဲအထိ ပါဝင်ကစားခဲ့သလို ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားထားပါတယ်။ အာဆင်နယ်ဟာ ဘုန်းမောက်နောက်ခံလူ ဟာဂျယ်ဆန်ကိုအစောပိုင်းတုန်းကခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။

လာမယ့်ရာသီသစ်အတွက် အာဆင်နယ်ဟာ လူအင်အားဖြည့်တင်းမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဇူဘီမန်ဒီ ၊ ကီပါ ၊ နော်ဂတ် တို့ကိုခေါ်ယူထားနိုင်ခဲ့ကာ မာဒူကီ ၊ ယိုကရက်စ်တို့ကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ အခုလည်း ဗလန်စီယာစတားကိုပါခေါ်ယူနိုင်တော့မှာဖြစ်သလို အခြားတစ်ဖက်မှာလည်း လူငယ်စတား နွမ်နီရီကို ကာလရှည် စာချုပ်သက်တမ်းတိုးနိုင်တော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခုလထဲမှာ အာရှခရီးစဉ်အဖြစ် စင်ကာပူ နဲ့ ဟောင်ကောင်မြေကို လာရောက်ခြေစမ်းမှာဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ် ၊ တော့တင်ဟမ်တို့နဲ့ကစားမှာဖြစ်ပါတယ်။