The network connection is lost.

Banner Image

လူးဝစ်စကယ်လီကို ဘာကြောင့် စောစောစီးစီးလူစားလဲခဲ့သလဲ အာတီတာရှင်းပြ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာဟာ ဗုဒ္ဓဟူးနေ့နံနက်က ပီအက်စ်ဗွီကို ၁-၇ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့နောက်ခံလူ လူးဝစ်စကယ်လီကို ပထမပိုင်းအတွင်းမှာပဲ လူစားလဲခဲ့ပြီး ပွဲအပြီးမှာတော့ လူစားလဲခဲ့တဲ့အကြောင်းရင်းကို ရှင်းပြလာခဲ့ပါတယ်။ 

ကစားသမားအနေနဲ့ ဒဏ်ရာရခဲ့တာမဟုတ်ကြောင်း အာတီတာက ရှင်းပြခဲ့ပြီး သူ့အနေနဲ့ စွန့်စားမှုမပြုလုပ်ချင်လို့သာ လူစားလဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရလို့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ စကယ်လီဟာ ယခုအခါမှ အာဆင်နယ်အတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

နောက်ခံလူဟာ ပွဲကစားချိန် ၃၅ မိနစ်အထိပဲ ကစားခွင့်ရခဲ့ကာ အသင်းဖော်ကာလာဖီအိုရီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်ကတော့ သမိုင်းဝင်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်မှာ အဝေးဂိုး ၇ ဂိုးအထိရရှိခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ စကယ်လီဟာ ပွဲကစားချိန် ၂၄ မိနစ်မှာ ပီအက်စ်ဗွီကစားသမား ဒီဂျောင်ကို ကစားပုံကြမ်းခဲ့လို့ အဝါကတ်ပြသခံထားခဲ့ရတာလည်းဖြစ်ပါတယ်။ ကစားသမားကိုလူစားလဲခဲ့ခြင်းနဲ့ပတ်သက်ပြီး အာတီတာက "ကျွန်တော်သူ့ကိုလူစားလဲခဲ့တာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ပါဘူး။ အဝါကတ်ထိထားလို့ပါ။ သူလုပ်ခဲ့တဲ့ပြစ်ဒဏ်ဘောကိုတော့ ကျွန်တော်သေချာမမြင်လိုက်ရပါဘူး။ ဒါပေမယ့် ကျွန်တော် စွန့်စားမှုမလုပ်ချင်လို့ လူစားလဲခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လူးဝစ်စကယ်လီဟာ ဒီရာသီပြိုင်ပွဲစုံမှာ အာဆင်နယ်အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ဆက်တိုက်ပါဝင်ကစားပေးထားနိုင်သလို၊ ကြမ်းတမ်းတဲ့ကစားပုံကြောင့်လည်း မကြာခဏဆိုသလို အဝါကတ်တွေ၊ အနီကတ်တွေပြသခံထားရပါတယ်။ နောက်ခံလူဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရသလို၊ ဒီရာသီပြိုင်ပွဲစုံမှာ အဝါကတ်စုစုပေါင်း ၄ ကြိမ်အထိ ပြသခံထားရပြီဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ရဲ့စည်းမျဉ်းအရ အဝါကတ် ၃ ကတ်ပြည့်ပါက တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ အာတီတာအနေနဲ့ ကစားသမားကို အနီကတ်ပြစ်ဒဏ်ဆက်မထိစေဖို့ စောစောစီးစီးလူစားလဲခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာ အချိန်ဆွဲလို့ အဝါကတ်ပြသခံခဲ့ရတဲ့ အာဆင်နယ်ရဲ့အဓိကနောက်ခံလူ ဂျူရီယန်တင်းဘားကတော့ အဝါကတ် ၂ ကြိမ်အထိပြသခံထားရလို့ လာမယ့်ဒုတိယအကျော့ပွဲစဉ်မှာ အဝါမထိမှသာ ကွာတားဖိုင်နယ်ပွဲစဉ်ကို ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။