အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ အာဆင်နယ်နဲ့ အဲဗာတန် ဂန္တဝင် ကီဗင်ကမ်းဘဲလ်
ယခုလအစောပိုင်းတုန်းက ကမ်းဘဲလ်ဟာ ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတွင် အသည်းအသန်နေမကောင်းဖြစ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ကမ်းဘဲလ်ဟာ အာဆင်နယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ဂန်နာတွေနဲ့အတူ ၈ ရာသီကြာ ကစားခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ပထမတန်း အမှတ်ပေးဖလား၊ ၁၉၉၃ ခုနှစ်မှာ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား နှစ်ကြိမ်နဲ့ ၁၉၉၄ ခုနှစ်မှာ ဥရောပဖလားတို့ကို ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူဟာ အာဆင်နယ်အတွက် စုစုပေါင်း ၂၁၃ ပွဲ ကစားခဲ့ပြီး ၅၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။
စတုတ်စီးတီးအတွက် ကစားနေတဲ့ ကမ်းဘဲလ်ရဲ့သား တိုင်ရက်စ်က အင်စတာဂရမ်မှာ "ကျွန်တော့်အဖေကို လူအများက ချစ်ခင်လေးစားကြပြီး ချစ်ခြင်းမေတ္တာတွေဟာ ကျွန်တော်တို့ မိသားစုအတွက် နှစ်သိမ့်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကျေးဇူးတင်ပါတယ်"
"ဒီဝေဒနာက ဖော်မပြနိုင်တဲ့ ဝေဒနာဖြစ်ပြီး အဖေကိုမမြင်နိုင်တဲ့ သားတစ်ယောက်လို့ မြင်မိပါတယ်။ အဖေဟာ ကျွန်တော်ရဲ့ အိုင်ဒေါ ဖြစ်ပြီး ကျွန်တော် ကြီးပြင်းလာချိန်မှာ သူ့လိုဖြစ်ချင်ခဲ့ပါတယ်။ သူ့ကို လူတိုင်းက ချစ်မြတ်နိုးကြပါတယ်။ အထူးပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အဖေ့ကို လွမ်းနေမှာပါ"
"အစားထိုးလို့မရနိုင်တဲ့ အဖေ၊ အစ်ကို၊ ဦးလေးနဲ့ အံ့ဩစရာကောင်းတဲ့ လူသားအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်မတို့မိသားစုအရေးကို လေးစားဖို့ အခုတောင်းဆိုချင်ပါတယ်။ အဖေ့ကို အမြဲချစ်ပါတယ်" လို့ ရေးသားထားပါတယ်။ထိုအတောအတွင်း အာဆင်နယ်က ကြေညာချက်တွင် "ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကယ်ဗင်ကမ်းဘဲလ်က ဖျားနာပြီးနောက် ကွယ်လွန်သွားကြောင်း သိရှိလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိပါတယ်"
"သူ့ကို ကလပ်မှာရှိတဲ့ လူတိုင်းက သဘောကျပါတယ်။ အားလုံးက ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ သူ့သူငယ်ချင်းတွေနဲ့ မိသားစုအကြောင်း တွေးနေကြပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ ကယ်ဗင်" လို့ ပါရှိပါတယ်။အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်က သူ့ရဲ့အသင်းဖော်ဟောင်းအား ဂုဏ်ပြုသောအားဖြင့် "စူပါကယ်ဗင် ဂိုးသွင်းစက်ကြီး လူဘီလူကြီး၊ ကြီးမားတဲ့နှလုံးသားရှိသူကြီး"
"အလွန်အမင်း သီးသန့်ဖြစ်ပြီး တကယ်ကို အံ့သြစရာကောင်းတဲ့ လူသားတစ်ယောက်ပါ။ သူ့ချစ်ရသူနဲ့ ကျွန်တော်တို့အားလုံးအတွက် ဝမ်းနည်းမိပါတယ်" လို့ ပြောကြားထားပါတယ်။ကမ်းဘဲလ်ဟာ ၁၉၉၅ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အကြာတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့အသင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီးနောက် ထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
ကမ်းဘဲလ်ဟာ အဲဗာတန်သို့ ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်သို့ မပြန်မီ ထရပ်ဇွန်စပေါ့တွင် ၇ လကြာ ကစားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃ သန်းဖြင့် ၁၉၉၉ ခုနှစ်တွင် အပြီးသတ်မပြောင်းရွှေ့မီ ကနဦးက အငှားသွားရောက်ကစားခဲ့တာဖြစ်ပါတယ်။သူဟာ ဝက်စ်ဘရွန်းမှာ ကစားသမားဘဝ မပြီးဆုံးခင် အဲဗာတန်အတွက် ပွဲပေါင်း ၁၅၁ ပွဲ ကစားခဲ့ပြီး ၃၈ ဂိုး သွင်းယူခဲ့ပါတယ်။
အဲဗာတန်ရဲ့ ထုတ်ပြန်ချက်တွင် "ကလပ်ရဲ့ပရိသတ်သဘောအကျဆုံးနှင့် လူကြိုက်အများဆုံးတိုက်စစ်မှူးဟောင်း ကယ်ဗင်ကမ်းဘဲလ်ဟာ အသက် ၅၄ နှစ်အရွယ်တွင် ကွယ်လွန်သွားတာကို သိရှိလိုက်ရတဲ့ အတွက် "အဲဗာတန်ဘောလုံးအသင်းရှိလူတိုင်းက အလွန်ဝမ်းနည်းမိပါတယ်"
"ဂွတ်ဒီဆင့်ပါခ် သူရဲကောင်း၊ ပရိသတ်တွေရဲ့ အချစ်တော် ကမ်းဘဲလ်ဟာ အဲဗာတန်ရဲ့ ပထမဆုံး လူမည်းအသင်းခေါင်းဆောင်ဖြစ်ပြီး သူနဲ့တွေ့ဆုံရတာကို နှစ်သက်သူတိုင်း သိကြသလို မယုံနိုင်စရာကောင်းတဲ့လူလည်း ဖြစ်ပါတယ်""ကမ်းဘဲလ်ဟာ မာဆေးဆိုက်ကို ပြန်ရောက်ချိန်မှာ အနွေးထွေးဆုံး ကြိုဆိုမှု အမြဲရခဲ့တာ မှန်ပါတယ်""သူဟာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး သူ့ကိုသိရှိခဲ့ရတဲ့လူတိုင်းက အရမ်းလွမ်းဆွတ်နေပါလိမ့်မယ်"
"အဲဗာတန်မှာရှိတဲ့ လူတိုင်းရဲ့က ဒီအလွန်ဝမ်းနည်းစရာကောင်းတဲ့ အချိန်အခါမှာ သူ့မိသားစုနဲ့အတူ ရှိနေကြပြီး နောက်ရာသီ စတင်ချိန်မှာတော့ သင့်လျော်တဲ့ ဂုဏ်ပြုမှုကို ပေးသွားမှာပါ" လို့ ပါရှိပါတယ်။