
ရော်နယ်ဒိုရဲ့ 'Siuuu' အောင်ပွဲခံပုံကို ပြုလုပ်ရတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ အာဂျင်တီးနားကစားသမား ကားလို့စ်အယ်ကာရက်ဇ်
အဲဗာတန်က အငှားခေါ်ယူထားတဲ့ ကားလို့စ်အယ်ကာရက်ဇ်ဟာ မက်ဆီရဲ့ ပရိသတ်ကြီးဖြစ်သော်လည်း ရော်နယ်ဒိုရဲ့ 'Siuuu' အောင်ပွဲခံပုံကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အလယ်တန်းကစားသမားဟာ ဆောက်သမ်တန်အတွက် ၄၈ ပွဲ ကစားခဲ့ပြီးနောက် ဆောင်းရာသီ ဈေးကွက်တွင် အင်္ဂလိပ်ဘောလုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူဟာ ဂွတ်ဒီဆင်ပါ့ခ်တွင် ရာသီကုန်အထိ ကစားရန်ရှိနေပြီး နွေရာသီတွင် ဖလာမင်ဂိုမှ အပြီးသတ်ပြောင်းရွှေ့နိုင်ခြေရှိနေပါတယ်။
အယ်ကာရက်ဇ်ဟာ အဲဗာတန် အား သဘောကျအောင် ကြိုးစားနေပြီး ပဲလေ့စ်ကို အနိုင်ရခဲ့သော ပွဲစဉ်တွင် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့ပါတယယ်။ ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရရှိသူ မက်ဆီ နှင့် နီးစပ်သော်လည်း အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံကို အတုယူခဲ့ပါတယ်။
ပဲလေ့စ်ဘက်သို့ ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံကို ပြုလုပ်ရတဲ့ အကြောင်းရင်းကို မေးမြန်းတဲ့အခါ အယ်ကာရက်ဇ် က " ကျွန်တော်က အာဂျင်တီးနားသားဖြစ်ပေမယ့် ခရစ္စတီယာနို ကို အမြဲကြိုက်နှစ်သက်ပါတယ်" လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
"မက်ဆီ က ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ကျွန်တော်ထင်ကါတယ်။ ဒါက ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ခရစ္စတီယာနို ကို ကျွန်တော် အမြဲကြိုက်ပါတယ်။ သူရဲ့ စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှု၊ နှစ်တွေကြာလာတာနဲ့အမျှ သူ့ကစားဟန်ကို ပြောင်းလဲလာတာကို ကြိုက်ပါတယ်။ သူက အမြင့်ဆုံးအဆင့်မှာ ကစားဖို့ ဆက်လက်ကြိုးစားနေပါတယ်။ ဒီအောင်ပွဲခံစားမှုက သူ့ကို ကြိုက်လို့ပါပဲ သူ့ကို အမြဲလေးစားပါတယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ပဲလေ့စ် နှင့် မတွေ့ဆုံမီ အယ်ကာရက်ဇ်ဟာ လီဗာပူးနှင့်ကစားခဲ့တဲ့ ဒါဘီပွဲစဉ်တွင် ပါဝင်ခဲ့ပါတယ်။ ထိုပွဲစဉ်နှင့်ပတ်သက်ပြီး သူက "ဒါက ရူးသွပ်စရာကောင်းတဲ့ ဒါဘီပွဲစဉ်ပါ။ကျွန်တော်တို့က ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ သရေကျခဲ့ပါတယ်။ ဒါက ကျွန်တော်ရဲ့ ပထမဆုံးဒါဘီပွဲစဉ်ဖြစ်ပြီး အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အယ်ကာရက်ဇ်ရဲ့ နောက်ပွဲစဉ်ကတော့ ရော်နယ်ဒိုရဲ့ ကလပ်ဟောင်းတစ်ခုဖြစ်တဲ့ ယူနိုက်တက် နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဗာတန်ဟာ စနေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကစားရမှာဖြစ်ပြီး ယူနိုက်တက်နည်ပြဖြစ်ခဲ့ဖူးသူ မိုယက်စ်က လက်ရှိမှာအဲဗာတန်ကို ပြန်လည်တာဝန်ယူထားတာဖြစ်ပါတယ်။