The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခြင်းအတွက် ဒေးဗစ်မိုယက်စ်ကို ကျေးဇူးတင်ဂုဏ်ပြုလိုက်တဲ့ ဘာရီ

ပွဲနေ့မတိုင်ခင်တစ်ရက်အလို၊ နည်းပြဒေးဗစ်မိုယက်စ်ရဲ့သီးသန့်ဂိုးသွင်းလေ့ကျင့်မှုအစီအစဉ်တွေကြောင့် မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ အဲဗာတန်တိုက်စစ်မှူးဘာရီက ဖွင့်ဟပြောကြားခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းကို ဘာရီက နှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို ဒိုကူရဲ့ချေပဂိုးကြောင့် တစ်ဖက်သုံးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ 

ဒေးဗစ်မိုရက်စ်ရဲ့ကစားသမားတွေက ၁၅ မိနစ်အတွင်းမှာတင် မန်စီးတီးကို သုံးဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ဘာရီကိုယ်တိုင်လည်း ပွဲချိန် ၆၄ မိနစ်၊ ဘီတိုရဲ့နေရာကို လူစားဝင်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။

"မန်စီးတီးလို အသင်းကြီးတွေနဲ့ ကစားရတယ်ဆိုတာ အမြဲတမ်း ဂုဏ်ယူဖို့ကောင်းပါတယ်။ လူစားဝင်ကစားပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ တကယ်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အတွက် သရေရလဒ်ပဲ ထွက်ပေါ်ခဲ့လို့ ဆက်ပြီး ကြိုးစားသွားဖို့ လိုပါသေးတယ်။ အခုသုံးပွဲပဲကျန်တော့လို့ အမှတ်တွေ ပိုရအောင် ယူသွားရပါမယ်" လို့ ပွဲအပြီးမှာ ဘာရီက ပြောကြားခဲ့ပါတယ်။