The network connection is lost.

Banner Image

ဘာစီလိုနာရဲ့စွန့်ပယ်မှုက ဇာဗီအတွက် ကောင်းပါတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

ဘာစီလိုနာနည်းပြ ရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဇာဗီအနေဖြင့် အကောင်းဆုံးပုံစံနဲ့ ဘောလုံးလောကဆီ ပြန်လာနိုင်လိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက ယုံကြည်နေပါတယ်။ ဘာစီလိုနာက ဇာဗီကို ရာထူးမှထုတ်ပယ်ကာ ဟန်စီဖလစ်ခ်နဲ့ အစားထိုးခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီ၊ ဘတ်စ်ကွတ်တို့လို ပုံရိပ်မြင့်ကစားသမားတွေနဲ့အတူ ဘာစီလိုနာက ရှင်းလင်းပြတ်သားတဲ့ ကစားဟန်တစ်ခု အသက်သွင်းကာ သူတို့ရဲ့သမိုင်းကြောင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ နည်းပြဆိုတာကတော့ ကိုယ့်မှာရှိတဲ့ကစားသမားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရပါတယ်။ ဘာစီလိုနာ ပိုင်ဆိုင်ဖူးခဲ့တဲ့ ကစားသမားတွေနဲ့အတူ ဒီကစားပုံက အထူးအသင့်လျော်ဆုံးနည်းလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုထုတ်ပယ်ခံရမှုတွေက နည်းပြဘဝရဲ့အစိတ်အပိုင်းတွေပါပဲ။ ဇာဗီလည်း နားလည်လာပါလိမ့်မယ်။ ကလပ်နဲ့ နည်းပြအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမရှိချိန်မှာ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နာပိုလီ၊ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့မှာ အခုလိုအခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ အခုလိုလမ်းခွဲလိုက်တာ ဇာဗီအတွက် ပိုကောင်းပါတယ်”လို့ ပြောပါတယ်။