The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ပြန်လာတော့မယ့်အနေအထားကို ငြင်းဆန်ခြင်းမပြုခဲ့တဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က ရက်ရှ်ဖို့ဒ်တစ်ယောက် အသင်းထံပြန်လာတော့မယ့်အနေအထားကို ငြင်းဆန်ခြင်းမပြုခဲ့ဘူးလို့ သိရပါတယ်။ ၂၀၂၃ - ၂၄ ရာသီအစကတည်းက အင်္ဂလန်သားဟာ ရုန်းကန်နေရပြီး အာမိုရင်ရောက်လာချိန်မှာလည်း အခြေအနေတွေက မပြောင်းလဲသေးတာဖြစ်ပါတယ်။

အဆိုပါအနေအထားတွေကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းကနေထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့သလို နောက်ဆုံး ၃ ပွဲဆက် လူစာရင်းမှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်စတားဟာ မန်စီးတီး ၊ ဘုန်းမောက် နဲ့ တော့တင်ဟမ်နဲ့ပွဲတွေကို လွဲချော်ခဲ့တာဖြစ်ပြီး လာမယ့်ဆောင်းရာသီဈေးကွက်ကလည်း စတင်တော့မယ့်အချိန်မှာ အာမိုရင် အင်္ဂလန်သားပြန်လာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေကို ပြောကြားရာမှာ အာမိုရင်က “အဲ့တာက ကျွန်တော်ဆုံးဖြတ်ချက်ပါ။ ပြီးတော့ အဲ့တာက အမြဲတမ်းဖြစ်နေမှာပါ။ အဲ့တာက ရွေးချယ်မှုပါ။ ကျွန်တော့်ကစားသမားတွေရဲ့အကောင်းဆုံးကို မြင်ချင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ကစားသမားတွေနဲ့ ကြိုးစားကြည့်နေပါတယ်။ အဲ့တာက ကျွန်တော့်အာရုံစိုက်မှုပါ။ လာမယ့်ဝုဗ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ပြန်လာဖို့ဆိုတာက အခြေအနေတွေအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ လာမယ့်ဝုဗ်နဲ့ပွဲမှာ ပြန်လာနိုင်ချေရှိနေပြီး အသက် ၂၇ နှစ်သားအနာဂတ်ကို လာမယ့်ဇန်နဝါရီမှာ အာမိုရင်အနေနဲ့ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။