
တိုက်စစ်မှူးခေါ်ယူမယ့်အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြောလာတဲ့ ကိုမိုအသင်းဥက္ကဌ
ကိုမိုအသင်းဥက္ကဌ မီရာဝန်ကတော့ တိုက်စစ်မှူး မိုရာတာကိုခေါ်ယူနိုင်ဖို့ အဆင်ပြေနေပြီဖြစ်ကာ ဂါလာတာစာရေး နဲ့ အေစီမီလန်တို့ကြား ရှုပ်ထွေးမှုဖြေရှင်းတာကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားလိုက်ပါတယ်။
စပိန်သားတစ်ယောက် ကိုမိုအသင်းထံပြောင်းရွှေ့ဖို့က ရပ်တန့်နေဆဲဖြစ်ကာ အေစီမီလန် နဲ့ ဂါလာတာစာရေးတို့ကြားမှာ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ မိုရာတာဟာ ဂါလာတာစာရေးအသင်းနဲ့ ၂၀၂၆ ဇန်နဝါရီအထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး တူရကီကလပ်ဘက်က သဘောမတူရင် အသင်းပြောင်းဖို့ မဖြစ်နိုင်တာဖြစ်ပါတယ်။
ကိုမိုအသင်းကတော့ တိုက်စစ်ပိုင်းနေရာအတွက် မိုရာတာကို အဓိကထားလိုချင်နေပါတယ်။ ဒါပေမယ့် ဂါလာတာစာရေးအသင်းဟာ အိုဆီမင်ကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး တကယ်လို့အဆင်မပြေခဲ့ရင် မိုရာတာကို လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။
“ကျွန်တော်တို့နည်းပြအတွက် အကောင်းဆုံးအသင်းကိုပေးချင်နေပါတယ်။ ဖာဘရီဂတ်စ်ပဲ ဘာလွဲနေလဲ ၊ ဘာရင်းနှီးမြုပ်နှံရမလဲဆိုတာကို ဖြေနိုင်ပါမယ်။ ကျွန်တော့်အတွက် မက်ဆီကိုခေါ်ယူမယ့် အိပ်မက်ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။
မိုရာတာလား?။ ကျွန်တော်တို့ မီလန် နဲ့ ကစားသမားနဲ့ကော သဘောတူညီမှုရထားပြီးပါပြီ။ ဂါလာတာစာရေး နဲ့ မီလန်တို့ကြားမှာပဲ စကားပြောဆိုဖို့ လိုအပ်တော့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်စရာရှိတာလုပ်ပြီးပါပြီ”လို့ မီရာဝန်က ပြောကြားခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ အိုဆီမင်ကိုခေါ်ယူဖို့ လုပ်ဆောင်နေပြီး တကယ်လို့အဆင်ပြေခဲ့ရင် မိုရာတာကို လက်လွှတ်မှာဖြစ်ပါတယ်။ အဲ့မတိုင်ခင်အထိတော့ မိုရာတာအပြောင်းအရွှေ့က ကြန့်ကြာနိုင်ပြီး ကိုမိုအသင်းဘက်ကလည်း စောင့်ဆိုင်းဖွယ်ရှိနေပါတယ်။