The network connection is lost.

Banner Image

အယ်လ်ဟီလယ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့အမ်ဘာပေ နောက်ပွဲမှာလည်း ပါဝင်ဖို့မသေချာသေး

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ကြာသပတေးနေ့နံနက်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ စူပါစတားတိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ဖျားနာမှုမှ မသက်သာသေးတာကြောင့် အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ပါချူကာနဲ့ပွဲစဉ်မှာ ဝင်ရောက်ကစားဖို့လည်း မသေချာသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

အမ်ဘာပေဟာ အင်္ဂါနေ့ကတည်းက ဖျားနာမှုကြောင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ထားခဲ့ပြီး အယ်လ်ဟီလယ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိကြောင်း နည်းပြအလွန်ဆိုက ကြိုတင်အသိပေးပြောကြားထားခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း အလွန်ဆိုက "ကျွန်တော်တို့ သူ့ရဲ့အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ သူ့မှာ ဗိုင်းရပ်စ်ပိုးရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိထားပါတယ်။ ကစားမယ့်ရက် နီးကပ်လာတာနဲ့အမျှ ကျွန်တော်တို့သူ့ကို တဖြည်းဖြည်းအကဲဖြတ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။