The network connection is lost.

Banner Image

တပည့်ဖြစ်သူရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ရီးရဲလ်နည်းပြ အလွန်ဆို

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးဆောင်မောင်းနှင်ခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ရဲ့စွမ်းဆောင်ရည်ကို နည်းပြ အလွန်ဆိုက ချီးကျူးပြောကြားလိုက်ပါတယ်။ အလွန်ဆိုက ဆဲလ်ဘတ်ဂျ်အသင်းနဲ့အုပ်စုအဆင့်နောက်ဆုံးပွဲမတိုင်ခင် ဘယ်လင်ဟမ်ရဲ့ဆာလောင်တဲ့စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်ပေမယ့် နည်းပြ အလွန်ဆိုက ဘယ်လင်ဟမ်က ကွင်းလယ်မှာ အရေးပါတဲ့ကစားသမားအဖြစ် ရှုမြင်နေပါတယ်။ ဘယ်လင်ဟမ်ဟာ ၂၀၂၃ တုန်းက ဒေါ့မွန်အသင်းထံကနေရောက်လာပြီးကတည်းက ရီးရဲလ်ရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်နေတာဖြစ်ပါတယ်။ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပထမဆုံးပွဲမှာလည်း ဘယ်လင်ဟမ်က အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်အနေနဲ့ ဘယ်လင်ဟမ်တစ်ယောက် ပခုံးဒဏ်ရာခွဲစိတ်မယ့်အနေအထားမှာ သူမပါဝင်ပဲကစားရဖို့ရှိနေပါတယ်။ အလွန်ဆိုက လာမယ့်ဆဲလ်ဘတ်ဂျ်နဲ့ပွဲမှာ ဘယ်လင်ဟမ်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ “သူ(ဘယ်လင်ဟမ်)က အဓိကကစားသမားပါ။ ကျွန်တော် သူကွင်းလယ်မှာပြသနေတဲ့စွမ်းဆောင်ရည်ကို သဘောကျပါတယ်။ သူကစားရချိန်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းပြသသလို သူ့မှာအရည်အချင်းအများကြီးရှိပါတယ်။

အဲ့တာကို ပါချူကာနဲ့ပွဲမှာ မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့သူနဲ့နီးစပ်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ သူက အရမ်းကိုမှရည်မှန်းချက်ကြီးမားတဲ့သူဖြစ်သလို အမြဲတမ်းတိုးတက်ချင်နေတဲ့သူပါ။ သူဆက်လက်တိုးတက်အောင်လည်း ကျွန်တော်တို့စွမ်းဆောင်ပေးချင်ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ရီးရဲလ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်ဂျ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက အုပ်စုဗိုလ်နေရာကို ရရှိမှာဖြစ်ပါတယ်။