The network connection is lost.

Banner Image

ထိပ်တန်းစတားတစ်ဦးကို ပွဲထွက်ခွင့်ကိုလျော့ချဖို့ စီစဉ်လာတဲ့ အယ်လ်နာဆာ

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ဒဏ်ရာကနေကင်းလွတ်နိုင်စေဖို့ လာမယ့် ၂၀၂၅ - ၂၆ ရာသီမှာ ၂၅% လောက်ပွဲထွက်ခွင့်လျော့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၄၀ ရှိနေပြီဖြစ်တဲ့ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရှင်ဟာ သူ့ရဲ့လုပ်အားနှုန်ကို သေချာလေးကိုင်တွယ်ဖို့ ပြင်ဆင်နေပါတယ်။

ပေါ်တူဂီသားဟာ ၂၀၂၄ - ၂၅ ရာသီတုန်းက အယ်လ်နာဆာအတွက် ပွဲ ၅၀ မှာ ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အခုလာမယ့်ရာသီသစ်မှာ ပိုသွင်းချင်နေပါတယ်။ ဆော်ဒီသတင်းထောက် ဖာလက်ရဲ့အဆိုအရ  အယ်လ်နာဆာနည်းပြ ဂျော့ဂျ်ဂျီးဆပ်စ်ဟာ ရော်နယ်ဒိုနဲ့ စကားပြောဆိုပြီးနောက် ပေါ်တူဂီသားဒဏ်ရာရမယ့်အခြေအနေကနေ ကာကွယ်နိုင်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုက ကလပ်အသင်းမှာ ဆက်လက်အားစိုက်ထုတ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရယူချင်နေပါတယ်။

အယ်လ်နာဆာကတော့ ရော်နယ်ဒိုကို အရေးမပါတဲ့ပွဲတွေမှာ အနားပေးပြီး အရေးပါတဲ့ပွဲတွေမှသာ အသုံးပြုဖို့ စီစဉ်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်နေပေမယ့်လည်း ရော်နယ်ဒိုအနေနဲ့ အသက်အရွယ်ရလာတာကိုတော့ လက်ခံရမှာဖြစ်ပါတယ်။ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့အခြေအနေကို သေချာလေးထိန်းသိမ်းနေပေမယ့် ကစားသမားဘက်ကတော့ ဆုဖလားတွေအောင်မြင်ချင်နေပါတယ်။

ဆော်ဒီလိဂ်မှာ ၂ ရာသီဆက် ရွှေဖိနပ်ဆုရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားမယူခင်မှာ ဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှာလည်း အယ်လ်နာဆာနဲ့ ၂ နှစ်သက်တမ်းတိုးခဲ့တာကြောင့် အသက် ၄၂ နှစ်အထိ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။