The network connection is lost.

Banner Image

မီလန်ရဲ့ လီယာအို အတွက် ယူရို၈၅ သန်း ကမ်းလှမ်းဖို့ အသင့်ရှိနေတဲ့ အယ်လ်နာဆာ

Sky Sport Italia ရဲ့ သတင်းအရ ပီအိုလီရဲ့ အယ်လ်နာဆာဟာ အေစီမီလန် ကြယ်ပွင့် လီယာအို အတွက် ယူရို ၈၅ သန်းအထိ ကမ်းလှမ်းဖို့ အသင့်ရှိနေပြီဖြစ်ပေမယ့် အီတလီကလပ်ကတော့ ရောင်းချဖို့ စိတ်မဝင်စားနေတာပါ။ ရော်နယ်ဒိုနဲ့ ပီအိုလီ တို့ရဲ့ အယ်လ်နာဆာဟာ မီလန်ကြယ်ပွင့် လီယာအိုကို ဝယ်ယူဖို့ ငွေကြေးအများကြီး ဖြင့် ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။

Sky Sport Italia ရဲ့ သတင်းအရ ဆော်ဒီဘက်ကလပ်ဟာ ယူရို ၇၀ သန်းကနေ ယူရို ၈၅ သန်းကြား ဖြင့် ကမ်းလှမ်းဖို့ အသင့်ရှိနေပေမယ့် အေစီမီလန်ကတော့ ဒီလမှာ ပေါ်တူဂီကစားသမားကို ရောင်းချဖို့ ဆွေးနွေးရန် စိတ်ကူးမရှိနေတာပါ။
လီယာအိုရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းခ ယူရို၁၇၅ သန်း ရှိနေပေမယ့် အယ်လ်နာဆာ အနေနဲ့ ဒီပမာဏကို ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဆော်ဒီပရိုလိဂ်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလဟာ ဒီညသန်းခေါင်မှာ ပိတ်မှာဖြစ်တာကြောင့် အယ်လ်နာဆာ အနေနဲ့ မီလန် ကို စည်းရုံးဖို့ အချိန်နည်းနေတာဖြစ်ပါတယ်။ လီယာအိုဟာ ဒီရာသီမှာ ပွဲစဉ် ၂၉ ပွဲအထိကစားထားပြီး ၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။ ဒီကြားထဲမှာ အေစီမီလန်ဟာ မိုရာတာကို ဂါလာတာစာရေးသို့ ရောင်းချဖို့ ညှိနှိုင်းနေပြီး သူ့နေရာမှာ ဖီယင်နုရဲ့ တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်ဖြင့် အစားထိုးဖို့ စီစဉ်နေပါတယ်။