
ရီးရဲလ်မက်ဒရစ်နှင့်ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ အကန်ဂျီ
မန်စီးတီးရဲ့ ခံစစ်မှူး အကန်ဂျီဟာ ကြွက်သားဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နှင့်ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်သလို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်၊ လီဗာပူးတို့နှင့်ကစားမယ့် အိမ်ကွင်းပွဲစဉ်များကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ ရက်သတ္တပတ်အနည်းလောက် နားရမှာဖြစ်ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကတော့ ခံစစ်မှူး ရူဒီဂါ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အကန်ဂျီဟာ အင်္ဂါနေ့က အီသီဟတ်မှာကစားခဲ့တဲ့ ပထမအကျော့ရဲ့ ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ပြီး မန်စီးတီးကလည်း ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် သူတို့အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ အသင်းအဆင့်သို့ တက်ရောက်ရန် အခွင့်အလမ်းနည်းသွားခဲ့ပါပြီ။
မန်စီးတီးဘက်မှ အကန်ဂျီရဲ့ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်မရှိသေးသော်လည်း The Times သတင်းစာရဲ့ဖော်ပြချက်အရ ကနဦးဓာတ်မှန်ရလဒ်များအရ ဗဟိုခံစစ်မှူးဟာ ရက်သတ္တပတ်အနည်းငယ်ကြာ နားရမယ်လို့သိရပါတယ်။ မန်စီးတီးဟာ အသက် ၂၉ နှစ်အရွယ် ဆွစ်ဇာလန်ခံစစ်မှူး ပြန်လည်ကစားနိုင်ရန် မျှော်လင့်မထားဘဲ သူဟာ နောက်ပွဲစဉ်သုံးပွဲတွင် ပါဝင်နိုင်မည်မဟုတ်ပါဘူး။ ထိုပွဲစဉ်တွေကတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင်ကစားမရမယ့် နယူးကာဆယ်နှင့် လီဗာပူးတို့ဖြစ်ပြီး ဘာနေဗျူးမှာကစားရမယ့် ဒုတိယအကျော့ကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။
အကန်ဂျီက ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းတွင် ရီကို လူးဝစ်နှင့် လူးစားလဲခံခဲ့ရပါတယ်။ ပွဲပြီးနောက် အကန်ဂျီနှင့် ဂျက်ဂရီးလစ်တို့၏ ဒဏ်ရာများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မန်စီးတီးမန်နေဂျာ ပက်ဂွါဒီယိုလာက "ကျွန်တော် သေချာမသိသေးပါဘူး။ ဒါပေမဲ့ သူတို့က ကြွက်သားဒဏ်ရာရမယ်ဆိုရင် ဒုတိယအကျော့ပွဲစဉ်မှာ ကစားနိုင်မှာမဟုတ်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။