The network connection is lost.

Banner Image

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးအတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို အတိအကျထောက်ပြလာတဲ့ စတာရစ်ချ်

မာဆေးဆိုဒ်မြေမှာ အာဆင်နယ်ကို ၀-၁ ဂိုးဖြင့် အရေးနိမ့်မှုကြောင့် လီဗာပူးရဲ့ အခုဘောလုံးရာသီ၊ ဒုတိယမြောက်ပရီးမီးယားလိဂ်ရှုံးပွဲ ပေါ်ထွက်လာပါတယ်။

အဝေးကွင်းပရိသတ်တွေက အန်းဖီးလ်မှာ ၁၄ နှစ်တာကာလအတွင်း ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိလို့ အောင်ပွဲခံနေကြချိန် လီဗာပူးနည်းပြအီရာအိုလာကတော့ ပွဲပြီးပါနီး ပင်နယ်တီတောင်းဆိုမှုအပါအဝင် သူ့အသင်းအပေါ် နစ်နာစေခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အချို့နဲ့ပတ်သက်လို့ ဒေါသအိုး ပေါက်ကွဲခဲ့ပါတယ်။

အာဆင်နယ်ရဲ့ကျစ်လျစ်ခိုင်မာတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကြောင့် အိမ်ရှင်လီဗာပူးအတွက် တိုက်စစ်ဆင်နိုင်မယ့် လမ်းစတောင် မရရှိဘဲ ဂိုးပေါက်တည့်ကန်ချက် လုံး၀မပြုလုပ်နိုင်တဲ့ ပွဲစဉ် ဖြစ်လာပါတယ်။ 

ပွဲစဉ်အပြီး လီဗာပူးတိုက်စစ်မှူးဟောင်းစတာရစ်ချ်က အခုလိုတိုက်စစ်ပိုင်းအချိတ်အဆက်မမိခြင်းကို လတ်တလော အီရာအိုလာရဲ့အသင်းအတွက် အဓိကလိုအပ်ချက်ပဲလို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

စတားရစ်ချ်က "ကွင်းလယ်နဲ့ တောင်ပံကြား နေရာလွတ်(half space)တွေဆီ ပြေးဝင်လှုပ်ရှားရတာကို ဖလော်ရီယန်ဝစ်ဇ် သဘောကျသလို ဘာကိုလာလည်း အဲ့ဒီလိုပုံစံမျိုး ကစားလေ့ရှိပြီး တခါတလေ သူတို့အချင်းချင်း နေရာလဲလှယ်ကစားကြတဲ့ အခိုက်အတန့်တွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်"

"ဒါက ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အခုပြဿနာက စနစ်တစ်ခုတည်းအပေါ် အလွန်အမင်း အခြေခံလွန်းနေပြီး ပြိုင်ဘက်အတွက် ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ ကစားဟန်မျိုး ပျောက်ဆုံးနေတာပါပဲ"

"အာဆင်နယ်ကို ကြည့်လိုက်ရင် သူတို့ ဘာလုပ်မလဲဆိုတာ ခင်ဗျား သိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က အလွန်အင်အားတောင့်တင်းလို့ တားဆီးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ လီဗာပူးကျတော့ အခွင့်အရေးတွေကို ဘယ်လိုဖန်တီးမလဲဆိုတာ ကြည့်လို့ရပေမဲ့ ဂိုးတွေ ဘယ်လိုသွင်းယူမလဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ နည်းလမ်းမျိုး မပြသနိုင်ပါဘူး" လို့ ဆိုပါတယ်။