The network connection is lost.

Banner Image

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူမပါဝင်လာပေမဲ့ အန်ဖီးလ်မှာ ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်မျိုး အာဆင်နယ် ပြသသွားခဲ့တယ်လို့ ကာရေဂါ ပြောကြား

၁၄ နှစ်တာကာလအတွင်း အန်ဖီးလ်ကွင်းမှာ ပထမဆုံးအကြိမ်ရယူခဲ့တဲ့ နိုင်ပွဲကြောင့် ဂန်နားတွေက မန်စီးတီးကိုကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ သက်သောင့်သက်သာ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။

မာဆေးဆိုဒ်မြေမှာ အာတီတာရဲ့အသင်းအတွက် ပွဲချိန်အစောပိုင်းမှာပဲ ကိုင်ဟားဗက်ဇ်က အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲချိန်နှောင်းပိုင်းမှာ အိမ်ရှင်လီဗာပူးရဲ့ အပြင်းအထန်ဖိအားပေးလာမှုကို ကျော်ဖြတ်နိုင်ဖို့အတွက် အာဆင်နယ်က သူတို့ရဲ့နာမည်ကျော်ခံစစ်ပိုင်းကြံ့ကြံ့ခံနိုင်စွမ်းကို မဖြစ်မနေ ထုတ်ပြခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးလည်း အီရာအိုလာလက်အောက် ပထမဆုံးအကြိမ် ဂိုးပေါက်တည့်ကန်ချက်မရှိဘဲ အချိန်ကုန်ဆုံးသွားတဲ့ ပွဲစဉ်တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။

မာဂယ်လ်ဟေးစ်နဲ့ ကာလာဖီအိုရီတို့က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ခုလုံးကို ပွဲထွက်ကစားခဲ့ပြီး ပွဲစဉ်အများစုမှာ တင်ဘာ၊ ကွန်ဆာတို့နဲ့အတူ တွဲဖက်ကစားခဲ့ပါတယ်။ မာဂယ်လ်ဟေးစ်နဲ့ ပုံမှန်တွဲဖက်ကစားနေကျ ဆာလီဘာ မပါဝင်လာနိုင်ချိန် ဂန်းနားတွေပြသခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် လီဗာပူးဗဟိုနောက်ခံလူဟောင်းကာရေဂါက ချီးကျူးပြောဆိုခဲ့ပါတယ်။

"ခင်ဗျားတို့ ရင်ဆိုင်နေရတာက ဒီနိုင်ငံရဲ့ အကောင်းဆုံး၊ ဥရောပရဲ့ အကောင်းဆုံးလို့တောင် ပြောလို့ရတဲ့ ခံစစ်တန်းဖြစ်ပါတယ်" လို့ ကာရေဂါက ပြောပါတယ်။

"ဒါတောင်မှ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ ငြင်းချက်ထုတ်စရာမရှိတဲ့ ဆာလီဘာ မပါဝင်ဘဲနဲ့ ကစားသွားခဲ့တာပါ"

"၁၉၈၉ နဲ့ ၁၉၉၁ ခုနှစ်တွေမှာ အာဆင်နယ်အသင်း ဆုဖလားတွေ ရယူခဲ့ပုံနဲ့ သူတို့ရဲ့ နာမည်ကျော်နောက်တန်းလေးဦးအကြောင်း ပြန်စဉ်းစားကြည့်ရင် လက်ရှိခံစစ်တန်းကိုလည်း အဲဒီကာလပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ အဆင့်တစ်ခုဆီ ရောက်နေပြီလို့ ထင်ပါတယ်။ သူတို့က ဒီလိုနှိုင်းယှဉ်ပြောဆိုမှုတွေမှာ သေချာပေါက် ပါဝင်သင့်ပါဝင်ထိုက်ပါတယ်" လို့ ကာရေဂါက ဆိုပါတယ်။