The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရတဲ့ မန်စီးတီး

မန်စီးတီး ၀ - ၁ ဘရိုက်တန် (ပွဲပြီးရလဒ်)

မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်မှာ ကစားရတယ်ဆိုပေမဲ့ ဘရိုက်တန်ရဲ့ပွဲအစောပိုင်း ဦးဆောင်ဂိုးကို ချေပနိုင်ခြင်းမရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရပါတယ်။

ကြားရက် ကာရာဘောင်ဖလားမှာ ရင်ဆိုင်ခဲ့စဉ်ကတည်းက အသည်းအသန်ကစားခဲ့ရတဲ့ မန်စီးတီးတို့ ယနေ့ညပွဲမှာလည်း ဂိုးသမား ဗာဘရက်ကန်ရဲ့လက်စွမ်းပြမှု၊ အဆုံးသတ်မသေချာမှု၊ ဂိုးကံခေမှုတွေ​ကြောင့် သွင်းဂိုးတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

ဘရိုက်တန်ကတော့ လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနဲ့ပွဲမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး နိုင်ပွဲပြန်လည်ရှာဖွေသွားနိုင်ခဲ့ပါတယ်။