The network connection is lost.

Banner Image

ခဗာရက်စ်ခီလီယာရဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာအတွက် ခွဲစိတ်ကုသမှု အောင်အောင်မြင်မြင်ပြီးစီး

၂၀၂၆ ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ဆဋ္ဌမနေရာရရှိခဲ့သူ တောင်ပံကစားသမားခဗာရက်စ်ခီလီယာရဲ့ ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို အင်္ဂါနေ့၊ ဒိုဟာမြို့မှာ အောင်အောင်မြင်မြင် ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ခဗာရက်စ်ခီလီယာက ပြီးခဲ့တဲ့သီတင်းပတ်၊ ဘာစီလိုနာကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ပြီး ပွဲချိန်တစ်နာရီမပြည့်ခင်မှာပဲ ကွင်းပြင်ပဆီ ဘေးလူအကူအညီဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ထုတ်ပြန်ချက်မှာ "အခုတော့ ခဗာရက်စ်ခီလီယာက ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်သွားပါတော့မယ်" လို့ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံးခြောက်လခန့် အနားယူကုသဖို့ လိုအပ်လေ့ရှိပါတယ်။