The network connection is lost.

Banner Image

အင်္ဂလန်အသင်းစခန်းသွင်းလေ့ကျင့်မှုမှာ မန်စီးတီးရဲ့စွဲချက်တွေက အဓိကခေါင်းကြီးပိုင်း ဖြစ်နေတယ်လို့ တူချယ်ပြောကြား

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ စွဲချက်တွေမှာ မန်စီးတီး အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက်ထွက်ပေါ်လာပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းအတွင်းပိုင်းအခြေအနေကို သောမတ်စ်တူချယ်က အသိပေးပြောကြားလာပါတယ်။

ဒီအရှုပ်တော်ပုံနဲ့ပတ်သက်တဲ့ သီခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စစ်ဆေးတွေ့ရှိချက်တွေကို အခုသီတင်းပတ်အစောပိုင်းမှာ ပရီးမီးယားလိဂ်က ထုတ်ဖော်ကြေညာခဲ့ပြီးနောက် အဓိကအာရုံစိုက်ရတဲ့ အချိန်ကာလအဖြစ် ၂၀၀၉ -၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ဖြစ်လာပါတယ်။

ဝင်ငွေတွေကိုဖောင်းပွအောင် ပြုလုပ်ဖို့အတွက် 'ဟန်ပြကုမ္ပဏီတွေ' တည်ထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် စွဲချက်အားလုံးအတွက် မန်စီးတီးဘက်က အယူခံဝင်ထားပြီး ဒီအမှုက ၂၀၂၇ ခုနှစ်အထိတောင် ကြာမြင့်သွားနိုင်တယ်လို့ ယူဆရပါတယ်။

အိုရွိုင်လေ ဒဏ်ရာကြောင့် နုတ်ထွက်သွားပြီးနောက် တူချယ်ရဲ့လူစာရင်းမှာ အန်ဒါဆန်နဲ့ ဂူဟီတို့လို မန်စီးတီးကစားသမားနှစ်ဦး ရှိနေပြီး ကစားသမားတွေကိုယ်တိုင် ဒီကိစ္စကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတယ်လို့ တူချယ်က အတည်ပြုခဲ့ပါတယ်။

"လူတိုင်းက ဒီအကြောင်းကို ပြောနေကြတာကြောင့် တခြား ဘယ်သူ့ရဲ့ပြောဆိုသံမှ ထပ်မလိုတော့ပါဘူး။ ဒီကိစ္စအတွက် ကျွန်တော်က ပြောဆိုနိုင်စရာမရှိလို့ ဝမ်းသာပါတယ်။ ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့တပိုင်းတစသိရှိထားမှုကို ဘယ်သူမှ လိုအပ်နေတာ မဟုတ်ပါဘူး"

"သေချာတာပေါ့၊ ကစားသမားတွေက ဒီအကြောင်းကို ပြောကြပါတယ်။ မန်စီးတီး ကစားသမားတွေလည်း ပြောကြပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ စကားပြောဖြစ်ပေမဲ့ အနည်းငယ်လောက်ပါပဲ။ ဒါက စခန်းသွင်းလေ့ကျင့်မှုမှာတော့ အဓိကခေါင်းစဉ်ကြီးတစ်ခု ဖြစ်နေပါတယ်" လို့ သူက ဆိုပါတယ်။