The network connection is lost.

Banner Image

ချက်နဲ့ပွဲစဉ်မှာ ယာမယ်လ်ကို အနားပေးသွားနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ ဒီလာဖွန်တေ

ဒီည၊ ချက်နဲ့ရင်ဆိုင်ရမယ့် နေရှင်းလိဂ်ပွဲစဉ်အတွက် ယာမယ်လ်ကို အနားပေးသွားနိုင်တယ်လို့ စပိန်နည်းပြဒီလာဖွန်တေက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ပွဲစဉ်ဇယားကျပ်တည်းနေတဲ့ကာလအတွင်း သူ့ရဲ့ကစားသမားတွေကို အကာအကွယ်ပေးဖို့ အရေးကြီးပုံကို ဒီလာဖွန်တေက အလေးအနက်ပြောဆိုခဲ့ပြီး ယာမယ်လ်ကို ပွဲထွက်ခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အဓိကကစားသမားအဖြစ် ဆက်လက်ယူဆထားဆဲပဲလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

စပိန်က အင်္ဂလန်ကို ၂-၃ ဂိုးဖြင့် အနိုင်ယူပြီးနောက် ခရိုအေးရှားကိုလည်း ၄-၁ ဂိုးဖြင့် ဆက်လက်အနိုင်ယူကာ စွဲမက်စရာ နိုင်ငံတကာသီတင်းပတ်ကာလတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

ဒဏ်ရာကြောင့် ဖာရန်တောရက်စ် နုတ်ထွက်သွားခဲ့ပြီးနောက် လာမယ့်ပွဲစဉ်မတိုင်မီ ကစားသမားတွေရဲ့ကျန်းမာမှုနဲ့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေရေးကို ဦးစားပေးထားတယ်လို့ ဒီလာဖွန်တေက ထောက်ပြခဲ့ပါတယ်။

Mundo Deportivo နဲ့အင်တာဗျူးမှာ ဒီလာဖွန်တေက "မနက်ဖြန်ပွဲအတွက် အသင့်တော်ဆုံးအသင်းကို ကျွန်တော်တို့ ပွဲထုတ်သွားပါမယ်။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာတော့ စဉ်းစားထားပြီးသား ရှိပေမဲ့ ဒီညမှာ အပြီးသတ်ပြင်ဆင်မှုတွေ ပြုလုပ်သွားပါမယ်" လို့ ပြောပါတယ်။

"ယာမယ်လ်က ပွဲရဲ့ ဘယ်အချိန်မှာမဆို အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ ပွဲစကတည်းကပဲဖြစ်ဖြစ်၊ ၄၅ မိနစ် ဒါမှမဟုတ် မိနစ် ၆၀ မှာ ပါဝင်းကစားရင်ပဲဖြစ်ဖြစ်ပေါ့။ သူ့ကို ချန်လှပ်ထားတယ်ဆိုတာ ဆုံးရှုံးရတာမျိုး ဘာမှမရှိလာနိုင်လို့ပါပဲ"

"သူ့ကို ကျွန်တော်တို့ ကွင်းတွင်းထည့်ကစားတယ်ဆိုတာ အသင်းအတွက် ထိရောက်မှု ရှိလို့ပါပဲ။ သူ့ကို မြင်တွေ့ရတာ စိတ်ကျေနပ်စရာကောင်းပြီး သူက နေ့တိုင်း ပိုမိုရင့်ကျက်လာနေပါတယ်။ ပွဲပြင်ပအခြေအနေတွေ အပါအဝင် အခြေအနေတိုင်းကို သူက ကောင်းကောင်းသဘောပေါက်နားလည်ပါတယ်။ ဒါက တကယ့်သတင်းကောင်းပါပဲ" လို့ ဆိုပါတယ်။