The network connection is lost.

Banner Image

ဖီအိုရင်တီးနားမှ ဘရန့်ဖို့ဒ်ဆီ ကာယိုဒီ ပြောင်းရွှေ့လာရခြင်းအကြောင်းရင်းကို အေးဂျင့်ဖြစ်သူ ဖွင့်ဟလာ

၂၀၂၅ ခုနှစ်၊ ဖီအိုရင်တီးနားမှ ထွက်ခွာလာခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နောက်ခံလူကာယိုဒီက ကလပ်အသင်းအဆင့်မှာရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအဆင့်မှာပါ နေရာတစ်ခုကို အခိုင်အမာ တည်ဆောက်လာနိုင်ပါတယ်။

ဒီညာနောက်ခံလူက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်ဆီ အငှားဖြင့် ရောက်ရှိလာခဲ့ပြီး အခုနွေရာသီမှာပဲ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အတိတ်မှာ ကာယိုဒီက နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ရရှိခဲ့ဖူးပေမဲ့ အခုတော့ အီတလီလက်ရွေးစင်အသင်းဆီ ပူးပေါင်းလိုက်ပါပြီ။

FiorentinaNews နဲ့ အင်တာဗျူးမှာ Vigo Global Sport ရဲ့ လူငယ်ကြယ်ပွင့်ရှာဖွေရေးတာဝန်ခံ အန်ဒရီယာရီတိုနီက အင်္ဂလန်မြေဆီ ဒီကစားသမားထွက်ခွာသွားရခြင်းရဲ့ နောက်ကွယ်အခြေအနေတွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

"ကိုယိုဒေးက ကောင်းကောင်းမွန်မွန်ကျေးဇူးပြုပြီး ဖီအိုရင်တီးနားမှ ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမဲ့ သူက အီတလီစီးရီးအေထက် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရရော၊ ဘောလုံးယဉ်ကျေးမှုအရပါ သူ့ရဲ့ကစားဟန်သွင်ပြင်လက္ခဏာတွေနဲ့ ပိုမိုကိုက်ညီမယ့် ပိုမိုအင်အားတောင့်တင်းတဲ့ လိဂ်တစ်ခုဆီ ရောက်ရှိသွားခဲ့ပါတယ်"

"အစပိုင်းမှာ သူက ဘရန့်ဖို့ဒ်အရန်ခုံမှာ ထိုင်ခဲ့ရပေမဲ့ နောက်တော့ သူ့ရဲ့ကိုယ်ပိုင်အခန်းကဏ္ဍတစ်ခုကို ဖန်တီးယူခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ကာ ပွဲထွက် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့မှာ တိုးတက်အောင် လုပ်ဆောင်ရမယ့် အပိုင်းတချို့ကျန်ရှိနေသေးပေမဲ့ အဲဒါကို သူကိုယ်တိုင်လည်း သိရှိထားပါတယ်" လို့ အန်ဒရီယာရီတိုနီက ပြောပါတယ်။