The network connection is lost.

Banner Image

တောက်လောင်နေဆဲ ချန်ပီယံလိဂ်ဆုဖလားရည်မှန်းချက်အကြောင်း ယာမယ်လ် ထုတ်ဖော်ပြောဆို

၂၀၂၇ ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးလိုတဲ့ ဆန္ဒကို ယာမယ်လ်က ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားက နည်းပြဟန်စီဖလစ်ခ်လက်အောက်မှာ စပိန်နိုင်ငံရဲ့ ပြည်တွင်းအဓိကဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့သလို စပိန်လက်ရွေးစင်အသင်းနဲ့လည်း ဥရောပချန်ပီယံဆု၊ ဖီဖာကမ္ဘာ့ဖလားတို့ကိုပါ ရရှိထားပါတယ်။ ဒါပေမဲ့ သူ့အတွက် ချန်ပီယံလိဂ်ဆုတံဆိပ်ကတော့ မထွက်ပေါ်လာသေးပါဘူး။

ဘာစီလိုနာက ၂၀၁၅ ခုနှစ်မှာ လူးဝစ်အင်းနရစ်ရဲ့ဦးဆောင်မှုနဲ့အတူ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီတောင် မတက်လှမ်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ယာမယ်လ်ကတော့ လာမယ့်လပိုင်းတွေအတွင်း ဘာစီလိုနာနဲ့အတူ ဥရောပဗိုလ်ဝင်ခံနိုင်ဖို့ကို အဓိကပန်းတိုင်အဖြစ် သတ်မှတ်ထားပါတယ်။

စပိန်ကြယ်ပွင့်က "အရာအားလုံး ကံကြမ္မာအပေါ်မှာ မူတည်နေပါတယ်။ ချန်ပီယံလိဂ်ဆိုတာ ပွဲစဉ်တစ်ခုတည်းနဲ့ အဆုံးအဖြတ်ပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ခြေစွမ်းမပြနိုင်ရင် ချန်ပီယံဆုကိုပါ လက်လွှတ်ဆုံးရှုံးသွားနိုင်ပါတယ်"

"ဒါကြောင့် အတွေ့အကြုံနဲ့အတူ ကံတရားလည်း လိုအပ်ပြီး ဒီအရာတွေကို တစ်နှစ်ပြီးတစ်နှစ် စုဆောင်းရယူရပါတယ်"

"ဒီနှစ်မှာ ကံတရားက ကျွန်တော်တို့အတွက် ရှိနေပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံဖြစ်ဖို့ ကစားနေတာပါ၊ အပျော်လမ်းလျှောက်ထွက်နေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနိုင်ရချင်သလို ဘာစီလိုနာဆီလည်း ဆုဖလား ပြန်ယူဆောင်လာပေးချင်ပါတယ်။ ဘုရားသခင် အလိုရှိမယ်ဆိုရင်တော့ ဒီနှစ်မှာ ကျွန်တော်တို့ အောင်မြင်မှု ရယူနိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။