အသင်းလိုက်အာရုံစူးစိုက်မှု ပျက်ပြားသွားနိုင်လို့ ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အဆုံးသတ်စေချင်တဲ့ ဟန်စီဖလစ်ခ်
ဟန်စီဖလစ်ခ်က လာမယ့် ၂၀၂၆ ဘော်လွန်းဒီအော်ဆုပေးပွဲနဲ့ ဒီတစ်ဦးချင်းထူးချွန်ဆုရဲ့အရေးပါမှုအပေါ် ပြတ်သားတဲ့ အမြင်တစ်ခုကို ထုတ်ဖော်ချပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ကိုပါဆု(Kopa Trophy)ဆွတ်ခူးခဲ့တဲ့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားယာမယ်လ်ကို လာမယ့်အောက်တိုဘာ ၂၆ ရက်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာစေဖို့ အပြည့်အ၀ထောက်ခံအားပေးနေပါတယ်။
ဘာစီလိုနာကစားသမားသစ် ရိုဒရီနဲ့ ကူဘာစီတို့လည်း ဘော်လွန်းဒီအော်ဆုဆန်ကာတင်ကစားသမား ၃၀ ဦးစာရင်းမှာ ပါဝင်နေပေမဲ့ ရာဖင်ဟာနဲ့ပတ်ဒရီတို့ကိုတော့ အငြင်းပွားဖွယ် ချန်လှပ်ထားခဲ့ပါတယ်။
ယာမယ်လ်ရဲ့ဆုရရှိနိုင်ခြေနဲ့ပတ်သက်လို့ ကလပ်အသင်းရဲ့ရပ်တည်ချက်ကို ဟန်စီဖလစ်ခ်ကိုယ်တိုင် သဘောကျနေပေမဲ့ အငြင်းပွားမှုတွေရှိနေချိန်မှာတောင် ဒီကိစ္စအပေါ် အရမ်းကြီးအာရုံစိုက်မထားဖို့ ဆုံးဖြတ်ထားပါတယ်။
"ဘော်လွန်းဒီအော်ကိစ္စက ကျွန်တော်တို့ရဲ့အာရုံကို ပျက်ပြားစေလိမ့်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားကြပါတယ်။ အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့သာ အရေးကြီးပြီး ဒါကပဲ မင်းကို ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်စေတယ်ဆိုတာ လူတိုင်း သိကြပါတယ်" လို့ ဟန်စီဖလစ်ခ်က ပြောပါတယ်။
"ဘော်လွန်းဒီအော်ဆုရှင် ဘယ်သူဖြစ်လာမလဲဆိုတာ ဆုံးဖြတ်ပြီးသွားရင်တော့ ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်။ ဒီဆုကိုရရှိနိုင်တဲ့ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေပါတယ်"
"ယာမယ်လ်ကို အားပေးထောက်ခံတယ်ဆိုတာ သဘာဝကျပါတယ်။ သူက ကျွန်တော်တို့ရဲ့ကစားသမားလေ။ ကျွန်တော်တို့ရဲ့ကစားသမားအားလုံးကိုလည်း အားပေးပါတယ်"
"သူ ဘယ်လောက်အထိ ထူးချွန်သလဲဆိုတာကို ဒီရာသီအစမှာ ပြသထားနိုင်ပါတယ်။ ဒါ အစိတ်အပိုင်းတစ်ခုပါပဲ။ သူ့ဆီမှာ ယုံကြည်မှုရှိသလို ဘော်လွန်းဒီအော်ဆုကိုလည်း ရယူချင်နေပါတယ်။ ဒါ အရေးပါတဲ့ တစ်ဦးချင်းဆုတံဆိပ်ဖြစ်လို့ ကစားသမားတစ်ဦးအတွက်ဆိုရင် ဒီလိုဆန္ဒရှိနေတယ်ဆိုတာ ပုံမှန်ပါပဲ" လို့ ဆိုပါတယ်။