The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နဲ့သရေကျပြီးနောက် ခံစားချက်တွေ ရောထွေးသွားခဲ့တဲ့ လိဒ်နည်းပြဖာကီ

ပရီးမီးယားလိဂ်ရာသီအဖွင့် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျမှုအပေါ် လိဒ်နည်းပြဖာကီမှာ ခံစားချက်တွေ ရောထွေးနေပါတယ်။

ဖာကီက ပရီးမီးယားလိဂ်ရာသီအဖွင့်ငါးပွဲမှာ နှစ်ပွဲနိုင်၊ သုံးပွဲသရေဆိုတဲ့ ရလဒ်ပိုင်းနဲ့အတူ လိဒ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားပဉ္စမနေရာဆီ ပို့ဆောင်ပေးထားပါတယ်။
 
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် လိဒ်နည်းပြက အခုရလဒ်နဲ့ပတ်သက်လို့ ခံစားချက်တွေ ရောထွေးနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
 
ဖာကီက "ခံစားချက်တွေ ရောထွေးနေပါတယ်။ နိုင်ပွဲရချင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ၃၈ ပွဲစလုံး အံ့အားသင့်စရာ ညချမ်းတွေချည်းပဲ မဖြစ်နိုင်ပါဘူး။ တစ်ခါတရံမှာ အံကြိတ်ပြီး ခံကစားရပါတယ်"
 
"သဘောကျစရာ အချက်တွေလည်း အများကြီး ရှိပါတယ်။ ရှုံးပွဲမရှိ စံချိန်နဲ့ ပေးဂိုးမရှိ (clean sheet)မှတ်တမ်း ထိန်းသိမ်းနိုင်ခဲ့တာတွေပေါ့။ ကျွန်တော်တို့ အနိုင်မရနိုင်ရင်တောင် အရှုံးမပေးခဲ့ပါဘူး။ ကျွန်တော်တို့ အနည်းငယ် လျော့ရဲခဲ့ပါတယ်"
 
"ပဲလေ့စ်အသင်းကိုလည်း ချီးကျူးရပါမယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံက ကောင်းမွန်ပါတယ်။ ဘောလုံးရထားချိန်မှာ သေသပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဘက်က ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဘောလုံးထိတွေ့မှုတွေကို ရယူနိုင်တာ ရှားပါးခဲ့ပါတယ်"
 
"ဒါ ကျွန်တော်တို့ ကလပ်အသင်းမှာ ကျင့်သုံးတည်ဆောက်ထားတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ သီတင်းပတ်တွေ၊ လတွေတစ်လျှောက်လုံး ပုံစံကောင်းကို တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ခက်ခဲပေမဲ့ ဒီကစားသမားအစုအဖွဲ့နဲ့ဆိုရင်တော့ အတော်လေး လွယ်ကူပါတယ်။ သူတို့နဲ့ အလုပ်တွဲလုပ်ရတာ တကယ်ပဲ ပျော်စရာကောင်းပါတယ်" လို့ ဆိုပါတယ်။