The network connection is lost.

Banner Image

မက်ဒရစ်ဒါဘီပွဲစဉ်အပြီး မကျေမနပ်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ မော်ရင်ဟိုဆီ အကြံပြုသတင်းစကားပေးပို့လာတဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းက အခုရာသီသစ်အတွက် ပထမဆုံးမက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် ခါးသီးမြို့ခံပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို မက်ထရိုပိုလီတာနိုကွင်းမှာ ဧည့်ခံကစားခဲ့ပြီး ပွဲစဉ်ပြီးဆုံးချိန်မှာလည်း အိမ်ရှင်တွေအတွက် အမှတ်ရစေမယ့် ပွဲစဉ် ဖြစ်လာပါတယ်။

အခုပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်က ဂရီမယ်လ်ဒို၊ ဂျိုနသန်ဒေးဗစ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ မြို့ခံပြိုင်ဘက်ကို ကျော်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာပါတယ်။
 
ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်ဘက်ခြမ်းရဲ့ဆွေးနွေးပြောဆိုမှုတွေက ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်စံနှုန်းအပေါ် အဓိကဗဟိုပြုခဲ့ပြီး နည်းပြမော်ရင်ဟိုကိုယ်တိုင်လည်း ကွင်းလယ်ဒိုင်အော်တစ်ဇ်အာရီယက်စ်နဲ့ ဒိုင်လူကြီးအဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ညနေပိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ရီးရဲလ်မက်ဒရစ်နည်းပြရဲ့မှတ်ချက်တွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ဆီမြွန်နီက မော်ရင်ဟိုအတွက် အကြံပြုစကားအချို့ကို ထုတ်ဖော်လာခဲ့ပါတယ်။
 
ဆီမြွန်နီက "ဒိုင်လူကြီးတွေအပေါ် လေးလေးစားစား ရှိသင့်ပါတယ်။ မော်ရင်ဟိုလိုမျိုး ဘယ်လောက်ပဲ နာမည်ကြီးတဲ့ နည်းပြဖြစ်ပါစေ... ကျွန်တော်တို့ လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ တစ်ခါတရံမှာ ကိုယ်ဖြစ်ချင်သလို ဖြစ်လာတတ်သလို တစ်ခါတရံမှာလည်း ဖြစ်မလာတတ်ပါဘူး။
 
စည်းကျော်တာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။ မော်ရင်ဟိုပဲဖြစ်ဖြစ်၊ ဟန်စီဖလစ်ခ်၊ ပယ်လီဂရီနီ၊ ကျွန်တော် သို့မဟုတ် တခြားဘယ်သူပဲဖြစ်ဖြစ် ကိုယ်ပြောဆိုတဲ့ စကားတွေအပေါ် သတိထားဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။