လန်ဒန်မြေမှာ ဖူလ်ဟမ်နဲ့ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ယူနိုက်တက်
ဖူလ်ဟမ် ၁-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
အခုကရာဗန်ကော့တေ့ချ်ကွင်းထိပ်တိုက်တွေ့ဆုံမှုက နှစ်ဖက်အသင်းကစားသမားတွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုနဲ့အတူ နှစ်ဖက်အသင်းဂိုးသမားတွေရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့် အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန်အတွင်း လီဆန်ဒရိုမာတီနက်ဇ်ရဲ့ O.G မှတဆင့် အိမ်ရှင်ဖူလ်ဟမ်တို့ ရရှိခဲ့ပြီး ဧည့်သည်တွေအတွက် ချေပဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ ကွန်ဟာက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က အမှတ်ပေးဇယားအဆင့် ၁၂ ၊ ဖူလ်ဟမ်က အမှတ်ပေးဇယားအဆင့် ၁၉ တို့မှာ အသီးသီးရပ်တည်နိုင်ခဲ့ကြပါတယ်။