ဘုန်းမောက်ကို ခက်ခက်ခဲခဲအနိုင်ယူကာ အဖိုးတန်သုံးမှတ်အပြည့်ရရှိခဲ့တဲ့ လီဗာပူး
ဘုန်းမောက် ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)
လီဗာပူးနည်းပြသစ်အီရာအိုလာအတွက် အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရချိန်မှာ အဖိုးတန်အနိုင်ရလဒ်တစ်ခုပိုင်ဆိုင်သွားလို့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ပွဲချိန်တလျှောက်လုံးမှာတော့ ဘုန်းမောက်ရော၊ လီဗာပူးပါ ခံစစ်ပိုင်းအမှားအယွင်းမခံဘဲ သတိကြီးကြီးထားကစားသွားခဲ့လို့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ အတော်လေးကြိုးစားသွားရပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို ပွဲချိန်ဒုတိယပိုင်းမှာ တိုက်စစ်မှူးအီဆက်က သွင်းယူခဲ့ပြီး အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ လီဗာပူးအသင်း ရပ်တည်နိုင်ခဲ့ပါတယ်။