ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ထိန်းကစားပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းသွားတဲ့ ဟားလ်စီးတီး
ချဲလ်ဆီး ၂ - ၂ ဟားလ်စီးတီး (ပွဲပြီးရလဒ်)
ချဲလ်ဆီးက လျှပ်စီးတိုက်စစ်ကို ပိုင်ဆိုင်ထားပေမဲ့ ခံစစ်ကတော့ ဆုံးဖြတ်ချက်အမှားတွေနဲ့ အတော်လေးဆိုးရွားခဲ့ပါတယ်။ ချဲလ်ဆီးတိုက်စစ်ကတော့ ရုန်းကန်ပေးခဲ့ပြီး ပွဲကို အနိုင်ရမယ့် အခွင့်အရေးတွေရခဲ့ပေမဲ့ ဟားလ်စီးတီးဂိုးသမား ဇိုလာကစ် လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ဟားလ်စီးတီးကလည်း နိုင်ပွဲရမယ့် အခွင့်အရေးတွေရခဲ့ပေမဲ့ လူစားဝင်ကစားသမားတွေ အဆုံးသတ်အားနည်းလွန်းတာကြောင့် နှစ်သင်းစလုံး တစ်ဖက်နှစ်ဂိုးစီ သရေနဲ့သာ အမှတ်ခွဲယူသွားခဲ့ကြပါတယ်။